• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် ဒေသခံတစ်ဦးမြေမြှုပ်မိုင်းနင်းမိ၍ ခြေတဖက်ပြတ်သွား

ပလက်ဝမြို့နယ်တွင် ဒေသခံတစ်ဦးမြေမြှုပ်မိုင်းနင်းမိ၍ ခြေတဖက်ပြတ်သွား

0
By Editor on April 15, 2021 Headline
မာဂရက် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် လောင်းကဒူးရွာသား အသက် ၄၅ နှစ်အရွယ် ဦးအောင်မြင့်မြတ်သည် တောထဲသို့ ဝါးခုတ်သွားစဉ် ယနေ့နံနက်ပိုင်း ၈ နာရီခွဲဝန်းကျင်က မြေမြုပ်မိုင်းနင်းမိ၍ ဘယ်ဖက်ခြေထောက်ပြတ် သွားသည်ဟုသိရသည်။
“သူက လောင်းကဒူးရွာက သမဝါယမ ဝန်ထမ်းပါ၊ သူက ရွာနဲ့ အနီးတဝိုက်မှာ သစ်ခုတ်၊ ဝါးခုတ်သွားရင်း မိုင်းနင်းမိလို့ ဘယ်ဖက်ခြေထောက်ခြေမျက်စိကနေ ပြတ်ထွက်သွားတာ’’ ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။
လောင်းကဒူးကျေးရွာသည် ပလက်ဝမြို့မှ ၂ မိုင်ခန့်ကွာဝေးပြီး ကုလားတန်မြစ်၏ အနောက်ဘက်ကမ်း ၂၈၉ တပ်ရင်း မျက်စောင်းထိုးတွင်တည်ရှိသည့်ကျေးရွာဖြစ်သည်။
ဦးအောင်မြင့်မြတ်ကို ပလက်ဝမြို့ပြည်သူ့ဆေးရုံသို့ ကုသမှုခံယူလျက်ရှိပြီး အသက်အန္တရာယ်အတွစိုးရိမ်ရသည့်အခြေ အနေမရှိကြောင်း အဆိုပါဒေသခံကပြောသည်။
ပလက်ဝမြို့နယ်သည် အာဏာသိမ်းစစ်ကော်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်မက်ဖြစ်ပွားရာဒေသဖြစ်ပြီး မြေမြုပ်မိုင်းကြောင့် ဒေသခံပြည်သူအမြောက်အများသေဆုံးမှုရှိခဲ့သည်ဒေသတစ်ခုဖြစ်သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.