Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ကလေး ၄ ဦး ပွဲချင်းသေဆုံး၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ

ပလက်ဝမြို့နယ်တွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ကလေး ၄ ဦး ပွဲချင်းသေဆုံး၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ

0
By Editor on May 10, 2024 Headline

(004SS)

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ခဝဲကျေးရွာတွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး ပွဲချင်းသေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၉ ရက်နေ့ မနက်ပိုင်း ၁၁ ဝန်းကျင်ခန့်တွင် ခဝဲကျေးရွာအနီး ‌‌မြစ်ကမ်းနားမြေပဲခင်းတွင် ဆော့ကစားနေကြသော ကလေးငယ်များက မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားခြင်းဟု သိရသည်။

“ရွာနဲ့လည်းမဝေးဘူး နီးနီးလေးပေါ့ အဲဒီမှာ မြေပဲခင်းလုပ်တာ၊ ချောင်းနဲ့လည်းနီးတယ် ကလေးတွေကသွားဆော့တာပေါ့ ပူလည်းပူတယ် ပူတော့ ချောင်းမှာပဲနေတတ်ကြတာများတယ် ပလက်ဝက ကလေးတွေက အဲဒီချောင်းမှာရေချိုးဖို့သွားရင်း နဲ့ ဆော့တဲ့အခါမှာ သူတို့ကမိုင်းကို တစ်ယောက်က နင်းလိုက်တာပေါ့နော် အဲဒီမှာတခါတည်းပါသွားတာ” ဟု ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ – IKACC အတွင်းရေးမှူးက ပြောသည်။

အဆိုပါနင်းမိုင်းပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် မောင်အောင်ထွန်း၊ မောင်းလင်းမြတ်၊ မောင် အောင်လင်းထွန်း နှင့် အသက် ၁၁ နှစ်အရွယ် မောင်အောင်လင်းစိုးတို့ သေဆုံးကာ ယမန်နေ့ ညနေပိုင်းတွင် သဂြိုလ်လိုက်ကြကြောင်း သိရသည်။

ထို့နောက် သေဆုံးသွာသူ မောင် အောင်လင်းစိုး၏ ညီငယ် မောင်အောင်စိုးလင်း အသက် ၈ နှစ်မှာလည်း ဝမ်းဗိုက်နှင့် တစ် ကိုယ်လုံးတွင် ပြင်းထန်ဒါဏ်ရာရရှိကာ ရွာထဲတွင်ဆေးကုသပေးကြောင်းသိရပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာသည် ယခင်က စစ်ကောင်စီ အခြေချတပ်ဆွဲသည့် နေရာဟု သိရပြီး လက်ရှိတွင် AA ကနေရာယူ တပ်ဆွဲထားကြောင်း သိရသည်။

“အရင်က အဲဒီဘက်ခြမ်းမှာ စကစက တပ်ချထားတဲ့နေရာ၊ အခုတော့ AA ပေါ့၊ ဆိုတော့ အဲဒီဖြစ်‌သွားတဲ့ကွင်းပြင်က တပ် စခန်းရဲ့ ကွင်းပြင်လိုမျိုး ဖြစ်သွားတာပေါ့၊ အခု‌ပေါက်ကွဲသွားတဲ့မိုင်းက ဘယ်ဘက်ကမိုင်းဖြစ်မလဲဆိုတာမသိရ‌ဘူးပေါ့” ဟု IKACC အတွင်းရေးမှူးက ပြောသည်။

လက်ရှိတွင် အခင်းဖြစ်ပွားသောနေရာကို AA မှ မိုင်းအန္တရာယ်နယ်မြေဟု သတ်မှတ်ကာ ဖြတ်သန်းသွားလာခွင့် ပိတ်ထား ကြောင်း သိရသည်။

ခဝဲကျေးရွာသည် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်နှင့်နီးစပ်သော ကျေးရွာဖြစ်ပြီး လွန်ခဲ့သော မတ်လမှစ၍ စစ်ကောင်စီတပ်များစွန့်ခွာသွားခဲ့သည့် ကျေးရွာဖြစ်ကာ အိမ်ခြေ ၁၅၀ ကျော်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.