Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွား စကစဘက်က ၈ ဦးသေဆုံးဟုဆို

ပလက်ဝမြို့နယ်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွား စကစဘက်က ၈ ဦးသေဆုံးဟုဆို

0
By Editor on March 10, 2023 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ယနေ့ မတ်လ ၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် CNA, CDF-Paletwa တပ်ဖွဲ့တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးပြီး ၁၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ ၉ ရက်နေ့တွင် လိုင်လင်းပီမြို့မှ မတူပီမြို့နယ် ထယ်ဘွေ့စခန်းသို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပလက်ဝမြို့နယ် ကိန်းကန်းကုန်ကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ လာကီချောင်းတနေရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CNA, CDF-Paletwa တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု CDF-Paletwa တပ်ဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် CNA, CDF-Paletwa တို့သည် မနက်ပိုင်း ၁၀ နာရီ ၅၄ မိနစ်မှ ၁၁ နာရီ ၄၁ မိနစ်ကြားတွင်တစ်ကြိမ်၊ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှ ၁၂ နာရီမိနစ် ၄၀ ကြားတွင်တစ်ကြိမ် ဖြစ်ပွားသော အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးကာ ၁၅ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်ဟု CDF-Paletwa က ဆိုသည်။

အဆိုပါတိုက်ပွဲတွင် အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု CDF-Paletwa က ထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၈ ရက်နေ့ကလည်း ပလက်ဝမြို့နယ် ကိန်းကန်းကုန်ကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ ဗာမီချောင်းလမ်းခုလတ်တွင် စစ်ကောင်စီတပ်နှင့် CDF-Paletwa တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.