Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်အပါအဝင် ULA ၏ ထိန်းချုပ်နယ်မြေများမှ လစဉ် အခွန် ကျပ်သန်း ၁၅၀၀ ခန့် ULA/ AA ရရှိဟု ဆို

ပလက်ဝမြို့နယ်အပါအဝင် ULA ၏ ထိန်းချုပ်နယ်မြေများမှ လစဉ် အခွန် ကျပ်သန်း ၁၅၀၀ ခန့် ULA/ AA ရရှိဟု ဆို

0
By Editor on August 17, 2026 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်း ULA/ AA ၏ ထိန်းချုပ်ဒေသများတွင် အခွန် ကောက်ခံမှုမှတစ်ဆင့် တစ်လလျှင် ကျပ်သန်း ၁၅၀၀ ခန့် ရရှိနိုင်ကြောင်း သိရသည်။

ပလက်ဝခရိုင်အပါအဝင် ရခိုင်ဒေသကို ခရိုင် ၈ ခုဖြင့် အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသော ULA/ AA သည် ရေခွန်၊ မီးခွန်၊ မြူနီစီပယ်ခွန်၊ မီးလုံခြုံရေးခွန်များမှ တစ်လလျှင် အခွန်ငွေ ကျပ်သန်း ၅၀၀ ခန့် ရရှိနိုင်ပြီး အင်တာနက်အသုံးပြုခ ကောက်ခံမှု မှလည်း ကျပ်သန်း ၁,၀၀၀ ခန့် ရရှိနိုင်သည်ဟု Institute for Strategy and Policy – Myanmar (ISP-Myanmar) က ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်လာသည့် ISP – မြန်မာ၏ ပြည်ကြီးဝန်ကို အိုးတန်ဆန်ခပ် ဟူ၍ အမည်ပေးထားသော ULA / AA ၏ စီမံအုပ်ချုပ်မှုနှင့် နယ်မြေစိုးမိုးမှုအလွန် စိန်ခေါ်ချက်များစစ်တမ်းတွင် ထိုကဲ့သို့ဖော်ပြခြင်းဖြစ်သည်။ စစ်တမ်းတွင် ခရိုင်တစ်ခု ချင်းစီမှ ကောက်ခံရရှိသော အခွန်ပမာဏကို သီးခြားဖော်ပြထားခြင်း မရှိပေ။

အခွန်အမျိုးအစားအနေဖြင့် လုပ်ငန်းခွန်၊ ကုန်သွယ်ခွန်ကဲ့သို့ စီးပွားရေးအခွန်များကို ကောက်ယူနေသည့်အပြင် လစဉ်အခွန်အဖြစ် ရေခွန်၊ မီးလုံခြုံရေးခွန်၊ မြူနီစီပယ်ခွန်၊ အိမ်ခွန်၊ ဆိုင်ခန်းခွန်၊ စတာလင့် အေးဂျင့်ခွန်တို့ကိုလည်း ကောက်ခံသည်ဟု သိရသည်။

ရရှိလာသော အခွန်များကို စစ်ရေးလိုအပ်ချက်များတွင် အများဆုံး အသုံးပြုပြီး လမ်းပြင်ခြင်းနှင့် ကျန်းမာရေး ကဏ္ဍများတွင် လည်း သုံးစွဲသည်ဟု ရခိုင်ပြည်သူများက ထင်မြင်ကြကြောင်း သိရသည်။

ULA/AA ၏ ရခိုင်ပြည်နယ်အတွင်းက ထိန်းချုပ်ဒေသများအတွက် ကုန်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးတွင် အရေးပါ လှသော ပလက်ဝခရိုင်အတွင်းမှလည်း အခွန်ငွေ အများအပြား ရရှိနိုင်သည်ဟု ချင်းတော်လှန်ရေးအင်အားစုတချို့ထံမှ သိရသည်။

“ရခိုင်ဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတဲ့ နောက်ပိုင်း စစ်ကောင်စီကလည်း နေ့စဉ်နဲ့အမျှ လေကြောင်းကနေ တောက်လျှောက် တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်မှာက ကျန်းမာရေးစောင့်ရှောက်မှုတွေ တော်တော်များများက ရပ်တန့်သွားတယ်။ ပြီးတော့ ကုန်စည်စီးဆင်းမှုတွေကအစ၊ ရပ်တန့်သွားတယ်။ အဲဒီနောက် ဒီဘက် အိန္ဒိယ၊ မီဇိုရမ်ဘက်ကိုပဲ အားကိုးနေရတာပေါ့နော်။ ကုန်ပစ္စည်းတွေက အစ၊ ဒီဘက်အိန္ဒိယကနေပဲ ပလက်ဝကနေ တဆင့် ရခိုင်ဘက်ကို စီးဆင်းသွား တာပေါ့နော်။ အဲလိုပဲ ကျန်းမာရေး မကောင်းတဲ့ ရခိုင်ဘက်က လူနာတွေဆိုရင်လည်း မီဇိုရမ်ဘက်မှာပဲ သူတို့ လာပြီးတော့ ဆေးကုသမှု ခံယူကြတာပေါ့နော်။ ဆိုတော့ မီဇိုရမ်ကို အဝင်အထွက်က ပလက်ဝကပဲ လုပ်ရတာဆိုတော့ ပလက်ဝမှာ အခွန် ကောက်ခံမှုကနေ တော်တော်များများလည်း ရရှိနိုင်မယ်လို့ ထင်တယ်။ အဲဒီကနေ ဝင်တဲ့ အခွန်ငွေကို အေအေက အဓိက ရရှိနိုင်တယ်လို့လည်းသုံးသပ်ရတယ်” ဟု မီဇိုရမ်မှာနေထိုင်တဲ့ ချင်းပြည်သူတစ်ဦးက ပြောသည်။

ULA/ AA သည် အခွန်ဌာနကို ဗဟို၊ ခရိုင်၊ မြို့နယ် ဟူ၍ အဆင့် ၃ ဆင့် ဖွဲ့စည်းထားပြီး ဗဟိုအဆင့်က မူဝါဒချမှတ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း ပြုလုပ်ကာ မြို့နယ်အဆင့်က တာဝန်ယူ၍ အဆင့်ဆင့် အခွန်ကောက်ခံသည်ဟု သိရသည်။

အခွန်နှုန်ထားနှင့် မူဘောင်ကို ဗဟိုက ချမှတ်သော်လည်း မြေပြင်အကောင်အထည်ဖော်မှုပိုင်းတွင် ဒေသအလိုက် ကွဲပြားမှုများ ရှိနေပြီး အခွန်ဦးစီးဌာနအပြင် အခြားဌာနပိုင်းဆိုင်ရာများကလည်း သီးခြားအခွန်ကောက်ခံသည်ဟု သိရသည်။

ပြေစာဖြတ်ပိုင်များဖြင့် စနစ်တကျ အခွန်ကောက်ခံခြင်း ရှိသကဲ့သို့ ဗဟိုက သတ်မှတ်ထားသော နှုန်းထက် တိုးကောက်သော မြို့နယ်များလည်း ရှိကြောင်း၊ အခွန်ကောက်ခံမှုများတွင် အခွန်တပြေးညီ ဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာစွာ ချပြရေး လုပ်ဆောင်ရန် လိုအပ်နေသည်ဟု ISP – မြန်မာ ထောက်ပြထားသည်။

ULA/ AA သည် ချင်းတောင်ပိုင်း ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်ထဲက မြို့နယ်ပေါင်း ၁၅ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ဖော်ဆောင်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.