• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝ ဆမီးမြို့တွင် ရိက္ခာပြတ်လုနီးပါးဖြစ်နေ၍ အလုအယက်ဝယ်ယူနေကြ

ပလက်ဝ ဆမီးမြို့တွင် ရိက္ခာပြတ်လုနီးပါးဖြစ်နေ၍ အလုအယက်ဝယ်ယူနေကြ

0
By Editor on September 4, 2021 Headline

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ အဓိက ရိက္ခာသယ်ယူရာလမ်းကြောနှစ်ခု ပိတ်ဆိုမှုကြောင့် ဆမီးမြို့ပေါ် ရိက္ခာပြတ်လပ်လုနီးပါး ရှိနေပြီဖြစ်ကြောင်း ဆမီးမြို့ ဒေသခံတစ်ဦးမှ သိရသည်။

ပလက်ဝမြို့နယ် ဆမီးမြို့ရိက္ခာသယ်ယူသည့် လမ်းကြောင်း (၂) ခုရှိပြီး တစ်ခုမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်-စစ်တွေ လမ်းကြောင်းဖြစ်ကာ ကိုဗစ်ကူးစက်မှုကြောင့် သွားလာခွင့်ပိတ်ထားကြောင်း နောက်တစ်ခုမှာ မတူပီ-မင်းတပ်-ပခုက္ကူလမ်းကြောင်းဖြစ်ပြီး တိုက်ပွဲများဖြစ်ပွားမှုကြောင့် ပိတ်ဆို့ထားသည်။

“အခုက ဆိုင်တွေကလည်း ထမင်းဆိုင်မှာ စားလို့မရတော့ဘူး ဆန်တွေလည်းဝယ်လို့မရတော့ဘူး အဲလိုမျိုးတွေရှိတယ် အဓိကတော့ ဒီလမ်းပန်းဆက်သွယ်ရေးပါပဲ လမ်းပန်းဆက်သွယ်ရေးပိတ်တယ် ပိတ်ပြီဆိုတာနဲ့ လူတွေက စားနပ်ရိက္ခာက ပြတ်လပ်တော့မယ်ဆိုတာသိတော့ အလုအယက်ဝယ်ကြတယ် တစ်ရက်နှစ်ရက်အတွင်းမှာကို လုံးဝပြတ်သွားတာ ဆိုင်မှာကပြတ်သွားတော့တာ အခုက စားသုံးကုန်ရော အသုံးအဆောင်ပစ္စည်းတွေတောင် အကုန်လုံးကတော့ ခက်ခဲတာပါပဲ လမ်းကြောင်းကမရှိတော့မို့လို့” ဆမီးမြို့ဒေသခံတစ်ဦးက ပြောသည်။

ဆမီးမြို့ပေါ် ရိက္ခာသယ်ယူရန် လမ်းကြောင်းအသွား/အလာပိတ်ဆို့မှုမှာ သြဂုတ်လဆန်းပိုင်းမှစတင်ခဲ့ပြီး ရိက္ခာအလုအယက် ဝယ်ယူလာကြသည်မှာ သြဂုတ်လကုန်ပိုင်းမှ စတင်သည်ဟု သိရသည်။

ပလက်ဝမြို့နယ် ဆမီးမြို့ပေါ်တွင် ဆန်တစ်အိတ်လျှင် လေးသောင်းမှအထက် ရှစ်သောင်းထိ စျေးနှုန်းသုံးခုရှိသည်ဟု ဒေသခံများမှ သိရသည်။

လက်ရှိအချိန်တွင် ဆမီးမြို့ပြည်သူများ ရိက္ခာပြန်လည်သယ်ယူနိုင်ရန် အာဏာသိမ်းစစ်ကောင်စီများထံ ခွင့်ပြုချက်တောင်းပြီး ရခိုင်ပြည်နယ်ကျောက်တော်ဘက်မှ သယ်ယူနိုင်ရေးများ ဆောင်ရွက်နေကြောင်း သိရသည်။

ပလက်ဝမြို့နယ် ဆမီးမြို့သည် လူဦးရေအားဖြင့် ၅ သောင်းဝန်းကျင်ရှိပြီး အာဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူ ၅ ထောင်ခန့်ရှိသည့်မြို့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.