• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ပလက်ဝ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုလိုအပ်

ပလက်ဝ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုလိုအပ်

0
By Editor on July 24, 2019 Khonumthung

By လားနွန် – ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာလိုအပ်ချက် မြင့်မားနေ၍ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရန် လိုအပ်နေသည်ဟု မကြာသေးခင်ရက်ပိုင်းက ပလက်ဝမြို့နယ်ကိုသွားရောက်ပြီး စစ်ဘေးရှောင်များကို သွားရောက်ကူညီထောက်ပံ့ခဲ့ကြသည့် ချင်းကျောင်းသားလူငယ်များကပြောဆိုသည်။

ချင်းတက္ကသိုလ်ကျောင်းသားများနှင့် ချင်းလူငယ်အဖွဲ့တို့သည် မကြာသေးခင်ကရက်ပိုင်းက ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများနေထိုင်ရာသို့ သွားရောက်ကာ အကူအညီများသွားရောက်ပေးအပ်သည့်အခြေအနေ ၎င်းတို့တွေ့မြင်ခဲ့ကြရသည့် စစ်ဘေးရှောင်များ၏ အခြေအနေများနှင့်ပတ်သက်၍ ဇူလိုင် ၂၃ ရက်နေ့က ရန်ကုန် မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပကာ ထိုကဲ့သို့ပြောဆိုကြခြင်းဖြစ်သည်။

ပလက်ဝစစ်ဘေးရှောင်စခန်းသို့ သွားရောက်ကူညီခဲ့သည့် မင်းတပ်လူငယ်အဖွဲ့မှ တာဝန်ခံ ဆလိုင်းမာန်ဟုန်းက “လောလောဆယ် အဓိကသူတို့စားနိပ်ရိက္ခာပျက်နေတယ်၊ စားနပ်ရိက္ခာလိုအပ်နေတယ်၊  အဲဒါကသူတို့လို အပ်ချက်အရေးကြီးဆုံးပဲ ပညာရေးကိစ္စနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေလည်းသူတို့လိုအပ်နေတယ်၊ လုံခြုံရေးကတော့ စိုးရိမ်ရပါတယ် ဘာလိုလဲဆိုရင် အဲဒီိမှာအားလုံးက တပ်မတော်ဖက်ကလည်းတပ်ဆွဲထားတယ် AA ကလည်းအဲဒီနေရာမှာပဲ လှုပ်ရှားနေတော့ လုံခြုံရေးကတော့ စိုးရိမ်ရတဲ့အဆင့်ပါပဲ” ဟု ပြောသည်။ 

စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်မှုတစ်ချို့ရှိနေသော်လည်း စစ်ဘေးရှောင်ဦးရေများနေသည့်အတွက် လုံလောက်မှုမရှိကြသည့်အပြင် မြန်မာ့တပ်မတော်နှင့် မြို့နယ်အုပ်ချူပ်ရေးမှူးဘက် ဆန်သယ်ယူခွင့်ကန့်သတ်ထားခြင်းကြောင့် လိုသလောက်ဆန်သယ်ယူခွင့်မရှိဟု ဆလိုင်းမာန်ဟုန်းကပြောသည်။ 

“ဆန်သယ်ဖို့ကိစ္စတွေက လမ်းကြောင်းကလည်း စက်လှေနဲ့ပဲသွားလို့ရတဲ့လမ်းကြောင်းရှိတာကိုး ဆိုတော့ ဒီစက်လှေလမ်းကြောင်းသွားတဲ့ လမ်းတလျှောက်မှာလည်း ဒီလုံခြုံရေးဂိတ်တွေအများကြီးရှိတယ် ပြီးတော့ အခြေအနေအမျိုးမျိုးကြောင့် အမြဲတမ်းဒီလမ်းကြောင်းမှာပဲ စစ်ပွဲဖြစ်နေတာလေ ဆိုတော့ ဒီဆန်သယ်ယူနိုင်ရေးမှာတော့ ပြည်နယ်အစိုးရအနေနဲ့ လုံခြုံရေးပိုင်းမှာ လုံခြုံရေးကိုတာဝန်ယူပြီးတော့ သယ်ယူရေးကူညီပေးစေချင်တယ်” ဟု ၎င်းကဆက်ပြောသည်။ 

စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးနှင့် ပတ်သတ်၍ ရိက္ခာသယ်ယူဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တိှု့နှင့် ညှိနှိုင်းတိုင်ပင်ထားပြီးဖြစ်ကြောင်း တစ်လလျင် ဆန်အိတ် (၅၀၀၀) ကျော် သယ်ယူနိုင်မည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“ကျွန်တော်တို့က ပြည်ထောင်စုအစိုးရကိုတင်ထားတယ် တင်တော့ မြို့နယ်ရဲ့လိုအပ်ချက်က အုပ်စု (၃၀) မှာ ကျေးရွာပေါင်း (၁၂၇) ရွာအတွက်ကို ဆန်အိတ် (၅၅၅၀) လိုတယ်လို့ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရတင်လိုက်ပြီ ပြည်ထောင်စုအစိုးရရယ် ကာကွယ်ရေး ပြည်ထဲရေး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အဲဒါကို ကျွန်တော်တို့ မိတ္တူပေးထားတယ် အဲလိုပေးတဲ့အခါကျတော့ အဲဒီပြည်ထောင်စုကနေပြီးတော့ ကာကွယ်ရေးရယ် ပြည်ထဲရေးရယ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို သဘောထားတောင်းတယ် သဘောထားတောင်းတဲ့အခါကျတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း ပလက်ဝအတွက်ကို လစဉ် အိတ် (၅၅၅၀) ၀ယ်ယူသယ်ယူဖို့ကို ကန့်ကွက်ရာမရှိဘူး ကာကွယ်ရေးကလည်းကန့်ကွက်ရာမရှိဘူး ပြည်ထဲရေးကတော့ လုံခြုံရေးအနေအထားအရတော့ သွားရေးလာရေးကန့်သတ်ချက်ရှိတယ် ဒါပေမဲ့အဲလိုကန့်ကွက်ရာမရှိဘူးပေါ့ အကုန်သဘောတူထားပြီးပြီ’’ ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(အေအေ) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွါခဲ့ကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက်ရည်ရွယ်ပြီး ချင်းအရပ်ဖက်အဖွဲ့အစည်းများ၊ ချင်းကျောင်းသားလူငယ်များက ဦးဆောင်၍ ချင်းပြည်နယ် မင်းတပ်၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ မတူပီ နှင့် ကလေးမြို့တို့တွင် အလှူများကောက်ခံကြသည်။ 

ထိုကဲ့သို့ ချင်းပြည်သူများမှ ထည့်ဝင်သည့်အလှူငွေများကို ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင် စစ်ဘေးရှောင်နေကြသည့် ကျေးရွာ ၅ ရွာ(လူဦးရေ ၆၀၀ ကျော်) နှင့် ဘဲချောင်းဝကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူ ၁၄၀ ကျော်တို့ကို ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အကြားက သွားရောက်လှူဌါန်းခဲ့ကြသည်။ 

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇန်မြို့နယ်၊ ဒါးရ်ခိုင်ရွာဟောင်းတွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၇ လုံး လောင်ကျွမ်းပြာကျ

ဇိုးတုန်နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.