Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီထိန်းချုပ်သော ချင်းပြည်က မြို့များတွင် အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ ရှိလာနိုင်

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီထိန်းချုပ်သော ချင်းပြည်က မြို့များတွင် အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ ရှိလာနိုင်

0
By Editor on February 13, 2024 Headline

(006SV)

အရွယ်ရောက်သူတိုင်း အမြင့်ဆုံး ၅ နှစ်ကြာ စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရမည့်ဥပဒေအရ စစ်ကောင်စီထိန်းချုပ်ထားသော ချင်းပြည်နယ်ရှိမြို့များတွင် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းများ ရှိလာနိုင်ကြောင်း ချင်းလူခွင့်အရေးအဖွဲ့ (CHRO) နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကပြောသည်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ မတူပီ၊ ကန်ပက်လက်နှင့် မင်းတပ်မြို့ ပေါ်များကို စစ်ကောင်စီက လက်ရှိအချိန်ထိ ထိန်းချုပ်ထားနိုင်ဆဲအခြေအနေတွင်ရှိနေသောကြောင့် ၎င်းတို့ထိန်းချုပ်ထားသော မြို့ပေါ်ရှိ လူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးမှုရှိလာနိုင်သည်ဟု CHRO မှ စီမံခန့်ခွဲရေးအရာရှိ ဆလိုင်းမာန်ဟရဲလျန်ကပြောသည်။

“အခုကတော့ ချင်းပြည်တစ်ခုလုံးက မြို့က လွဲလို့ ပလက်ဝနဲ့ တခြားနေရာ တွေက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်မှုအောက် ရှိတယ်။ အခု စစ်ကောင်စီက လုပ်ထားတဲ့ စစ်မှုမထမ်းမနေရက သူတို့ ထိန်းချုပ်လို့ ရတဲ့မြို့တွေမှာ အတင်း အဓမ္မနဲ့ လူငယ်တွေကို ဖမ်းဆီးစုဆောင်းတာမျိုး အနည်းနဲ့အများနဲ့တော့ ရှိလာမယ်” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တစ်ခုလုံးကို ရက္ခိုင်တပ်တော် (AA) နှင့် ချင်းတော်လှန်ရေး အင်အားစုများက လက်ရှိတွင် ထိန်းချုပ်စိုးမိုးထားပြီး စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေမှာ သက်ရောက်မှုရှိနိုင်မည်မဟုတ်ကြောင်းပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၁၀ ရက်က စတင်အသက်ဝင်လာသည့် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေသည် ချင်းပြည် အပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်သားစုဆောင်းမှုကို တရားဝင်အဖြစ် ဆောင်ရွက်နိုင်ရန် ပြဌာန်းလာခြင်းဖြစ်သည်ဟု သိရသည်။

“အဓိက ပြည်သူတွေက ထိန်းချုပ်မှု အောက်မရောက်သေးတဲ့ မြို့ကြီးတွေပေါ့။ အဲဒီအပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်။ ဒါပေမဲ့ ချင်းလူမျိုးတွေက ချင်းပြည်ပြင်ပမှာ လူဦးရေ ပိုထူထပ်တော့ ချင်းလူမျိုးအပေါ်မှာ သက်ရောက်မှုက အတော်ကြီးမယ်။ စကစက ဒီဥပဒေကို အသုံးပြုပြီး အင်အားစုဆောင်းတာ လူငယ်တွေကို အတင်းအဓမ္မ စုဆောင်းတာမှာ လူသူ မသိတဲ့ နေရာတွေ၊ အထူး သဖြင့် ကလေးမြို့တို့ စစ်ကိုင်းတိုင်းထဲက ချင်းလူမျိုးတွေ ထူထပ်တဲ့ နေရာမှာ အကောင်အထည်ဖော်နိုင်တယ်။ နောက် ရန်ကုန်၊ မန္တလေးမှာလည်း ချင်းလူမျိုးတွေ နေထိုင်မှု များပြားတယ်။ လူမျိုးအပေါ်မှာ သက်ရောက်မှုက ကြီးမယ်၊ ချင်းပြည်အတိုင်း အတာနဲ့ တော့ ဒီဥပဒေက ချင်းပြည်က လူမျိုးတွေအပေါ်မှာတော့ သက်ရောက်မှု နည်းမှာ” ဟု India for Myanmar တည်ထောင်သူ၊ ချင်းနိုင်ငံရေးသမား ဆလိုင်းဒိုခါရ်က ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ သာမန်အမျိုးသားမှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းအကြုံဝင်နေပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတက်မြောက်သူ (သို့) အခြားအတတ်ပညာ တတ်မြောက်သူမှာ အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရမည်။

သာမန်အမျိုးသမီးမှာ ၁၈ နှစ်မှ ၂၇ နှစ်အတွင်းအကြုံဝင်ပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတက်မြောက်သူ (သို့) အခြားအတတ်ပညာ တတ်မြောက်သူမှာ အသက် ၁၈ နှစ်မှ ၃၅ အတွင်းရှိသူများ စစ်မှုထမ်းရမည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ သာမန်အခြေအနေတွင် ၂ နှစ်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတက်မြောက်သူ (သို့) အခြားအတတ်ပညာ တတ်မြောက်သူဖြစ်ပါက ၃ နှစ်စသဖြင့်စစ်မှု ထမ်းရမည်၊ အရေးပေါ်အခြေအနေတွင် အများဆုံး ၅ နှစ်စစ်မှု ထမ်းရမည်ဖြစ်သည်။

“ဒီလိုပြဌာန်းခြင်းဟာ အတင်းအဓမ္မစစ်သားစုဆောင်းမှုတွေ၊ အတင်းဓမ္မ ဖမ်းဆီးမှုတွေက စိုးရိမ်ရတဲ့အနေအထားမှာ ရှိနိုင်တယ်။ ဒီလို ပြဌာန်းမှုက လူအခွင့်အရေး ချိုးဖောက်မှုတွေ နည်းမျိုးစုံနဲ့ ရှိလာမယ့် အနေအထား ရှိနေတယ်။ ဒီစစ်မှု မထမ်းမနေရဥပဒေ ပြဌာန်းတာက ဒီဥပဒေ ဘောင်ထဲ ဝင်နေသူတွေကို အတင်းအဓမ္မ ဖိအားပေးပြီး သူတို့မှာ မလုံခြုံမှုကို အများကြီး သက်ရောက်စေတယ်”ဟု CHROမှ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီတပ်ထဲ မဝင်ခြင်း၊ စစ်မှုထမ်းရန် စာရင်းမသွင်းခြင်း၊ စာရင်းသွင်းပြီး ဆေးစစ်ခြင်းမပြုခြင်း၊ ဆင့်ခေါ်စာရပြီး မလာရောက်ခြင်းနှင့် အထောက်အထား လိမ်ညာပါက ထောင်ဒဏ် ၃ နှစ် ချမှတ်နိုင်သည်။

ဆေးမအောင်ရန် ကြိုးစားခြင်းနှင့် စစ်ထဲ မဝင်လို၍ ထိခိုက်အနာတရဖြစ်အောင် လုပ်ခြင်းကို ထောင်ဒဏ် ၅ နှစ်ချမှတ်မည်ဖြစ်ပြီး စစ်ထဲမဝင်ရန် အားပေးကူညီသူကို ထောင် ၁ နှစ်ချမှတ်မည်ဟုဆိုသည်။

လက်ရှိ ချင်းပြည်တွင် စစ်အာဏာသိမ်းမှုကြောင့် ပြည်သူလူထု တစ်သိန်းကျော်မှာ စစ်ဘေးရှောင်နေရပြီး ယင်းပမာဏသည် ချင်းလူဦးရေး၏ လေးပုံ၊ တစ်ပုံ ဖြစ်သောကြောင့် ချင်းပြည်သူများအနေဖြင့် ရှောင်မပြေးဘဲ ချင်းပြည် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သင့်ကြောင်း ချင်းတက်ကြွလှုပ်ရှားသူများက ပြောသည်။

“ဒီပြသနာက ရှောင်လွဲလို့ ရမယ်လို့ မထင်ဘူး။ အဓိကက ဒီ ပြည်တွင်းမှာ ရှိတဲ့ လူငယ်တွေချင်းတွေအပါအဝင် လူငယ်များစွာက ဒီဟာကို ရင်ဆိုင်ဖို့ပဲ နည်းလမ်းတွေ ရှာဖွေပြီးမှ ရင်ဆိုင်လိုက်တယ်ဆိုရင် အဆုံးသတ်တိုက်ပွဲအတွက် အခွင့်အလမ်းတွေ ဖြစ်မယ် လို့ ကျနော် ထင်တယ်။ အဲလိုမဟုတ်ပဲ တိမ်းရှောင်လိုက်တယ်ဆိုရင် စကစက သူ စုဆောင်းနိုင်တဲ့ အင်အားကနေ တဖြည်းဖြည်း သူ့အင်အား တည်ဆောက်ပြီး စကစ မပြိုလဲပဲ ၊ ဒီဥပဒေက တစ်သက်လုံး အသက်ဝင်သွားရင် နောင်လူငယ်တွေက ရှောင်လို့ မရတော့ဘူး” ဟု ဆလိုင်းဒိုခါရ်က ပြောသည်။

ထို့အပြင် ချင်းတော်လှန်ရေးအင်အားစုများကလည်း စစ်ကောင်စီပြဌာန်းလာသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အခွင့်အလမ်း ကောင်းအဖြစ် အသုံးချနိုင်ရန် လိုအပ်ကြောင်း ထောက်ပြကြသည်။

CDF/CDM- Siyin က စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများအတွက် စိတ်မသက်မသာဖြစ်ရကြောင်း၊ လက်ရှိအချိန်သည် ဓမ္မနှင့် အဓမ္မတရားကို ခွဲခြားသိမြင်တတ်ရန် လိုအပ်ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် စစ်အာဏာရှင်ကို တော်လှန်ရန် နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဘေးကင်း လုံခြုံစွာ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

စစ်အာဏာရှင်ကို တိုက်ထုတ်လိုသူများကိုလည်း CDF/CDM- Siyin က လက်ကမ်းကြိုဆိုလျက်ရှိပြီး ၎င်း၏ လူမှုကွန်ယက်မှ တစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ကြောင်း ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.