• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဖမ္းဆီးခံရမႈ ၄လျပည့္ေနျပီျဖစ္သည့္ ဆလိုင္းေအာင္စုိးအတြက္ မိသားစုဝင္မ်ားစုိးရိမ္ပူပန္ေန

ဖမ္းဆီးခံရမႈ ၄လျပည့္ေနျပီျဖစ္သည့္ ဆလိုင္းေအာင္စုိးအတြက္ မိသားစုဝင္မ်ားစုိးရိမ္ပူပန္ေန

0
By Editor on December 1, 2020 Khonumthung

#Unicode

နှင်းနှင်း – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ချင်းလူငယ်တစ်ဦးဖြစ်သည့် ဆလိုင်းအောင်စိုးသည် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့၏ ဖမ်းဆီးခံရသည်မှာ နိုဝင်ဘာလ၂၉ ရက်နေ့က ၄ လ ပြည့်ခဲ့ပြီဖြစ်ကာ မိသားစုဝင်များအနေဖြင့် အလွန်စိုးရိမ်ပူပန်နေကြပြီး အမြန်းဆုံးပြန်လွတ်ပေးရန် ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC ကတောင်းဆိုလိုက်သည်။

KACC ပြောရေးဆိုခွင့်ရှိသူ မနန်းဝေက “ကျမတို့ ၂၉ ရက်နေ့တုန်းက ၄ လပြည့်သွားတာပေါ့နော်အချိန်အရမ်းကြာပြီ စစ်ဖက်နဲ့ မသက်ဆိုင်တဲ့ သာမာန်အရပ်သားအပြစ်မဲ့ပြည်သူဖြစ်တဲ့အတွက် အမြန်းဆုံးပြန်လွတ်ပေးဖို့ တော်တော်လေး အချိန်တန်နေပြီဖြစ်တဲ့အပြင် မိသားစုဝင်တွေလည်း အရမ်းစိတ်ပူနေပြီးဖြစ်တဲ့အတွက် AA အနေနဲ့ အမြန်ဆုံး ပြန်လွတ်ပေးစေချင်တယ်” ဟုပြောသည်။

ဆလိုင်းအောင်စိုးအပါအဝင် ချင်းလူငယ် (၄) ဦးတို့သည် ပြီးခဲ့သော ဇူလို်င်လ (၂၉) ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့သို့အပြန် ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးကျန် (၃) ဦးမှာလွတ်မြောက်လာပြီးဖြစ်သော်လည်းဆလိုင်းအောင်စိုး မှာမှု ယနေ့အချိန်ထိလွတ်မြောက်လာခြင်း မရှိသေးခြင်း ဖြစ်သည်။

ဆလိုင်းအောင်စိုး၏ ကျန်းမာရေးအခြေအနေများသိရှိနိုင်ရန်အတွက် ဖခင်နှင့် ညီဖြစ်သူမှာ လွန်ခဲ့သော (၄) ရက်ခန့်တွင်သွားရောက်စုံစမ်းခဲ့သော်လည်း လမ်းတစ်ဝက်ထိသာသွားခွင့်ရခဲ့ကြောင်း ယောက်ဖတော်စပ်သူ ကိုရမ်းနှင်းကပြောသည်။

“သူ့အဖေနှင့်ညီတစ်ယောက်နဲ့သွားပြီးတော့ လမ်းတစ်ဝက်ထိပဲသွားတယ်၊ သွားစုံစမ်းကြည့်တော့ အဲ့နေရာကို ကိုယ်တိုင်သွားလို့မရဘူး ဖမ်းထားတဲ့နေရာက ဘယ်နေရာလဲဆိုတာမသိဘူး၊ အရင်က ဖမ်းထားခဲ့တဲ့နေရာ အဲ့ရွာအထိကို နယ်ကဥက္ကဌတွေက မသွားခိုင်းဘူး၊ AA ကမလာနဲ့လို့ ပြောထားတာလားမသိဘူး၊ သွားလို့လည်းမရဘူး၊ စကားကိုတော့ လူကနေတဆင့်ဆင့်ပြန်ပြောခိုင်းတာပေါ့ တိကျမှန်ကန်တဲ့သတင်းကမရသေးဘူး၊ တခြားဘာမှထူးခြားတာမျိုးမရှိသေးဘူး။ အရင်ကလည်း ကျန်းကျန်းမာမာနဲ့နေပါတယ်၊ ပြန်လွတ်လာပါတယ်လို့ပြောတာလည်းခါတိုင်းလည်းကြားနေရတော့ သိပ်လည်းမယုံနိုင်တော့ဘူး၊ တခုခုများဖြစ်နေပြီလားသူ့အသက်တောင်ရှိသေးရဲ့လား သူက အဆုတ်ရောဂါနည်းနည်းရှိတော့ စိုးရိမ်နေရတယ်” ဟု ယောက်ဖတော်စပ်သူ ကိုရမ်းနှင်းကပြောသည်။

KACC ၏စာရင်းအရ ပလက်ဝမြို့နယ်တွင် ၂၀၁၅ ခုနှစ်မှလက်ရှိအချိန််ထိ ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးထားသည့် အရပ်သားအားလုံးပေါင်း ၁၀၅ ဦးထိရှိခဲ့ပြီး ၈၄ ဦးမှာပြန်လည်လွတ်မြောက်လာပြီးဖြစ်ကာ လက်ရှိတွင် လွတ်မြောက်ခြင်းမရှိသေးသူ ၂၂ ဦးရှိကြောင်းသိရသည်။

#Zawgyi

ခ်င္းျပည္နယ္၊ ပလက္ဝျမဳိ႕နယ္မွ ခ်င္းလူငယ္တစ္ဦးျဖစ္သည့္ ဆလုိင္းေအာင္စုိးသည္ ရကၡဳိင့္တပ္ေတာ္ (AA)တပ္ဖြဲ႔၏ ဖမ္းဆီးခံရသည္မွာ ႏိုဝင္ဘာလ၂၉ ရက္ေန႔က ၄လ ျပည့္ခဲ့ျပီျဖစ္ကာ မိသားစုဝင္မ်ားအေနျဖင့္ အလြန္စုိးရိမ္ပူပန္ေနၾကၿပီး အျမန္းဆုံးျပန္လြတ္ေပးရန္ ခူမီးခ်င္းမ်ဳိးႏြယ္စုမ်ားေပါင္းစပ္ညွိႏႈိင္းေရးေကာင္စီ KACC ကေတာင္းဆိုလိုက္သည္။   

KACC ေျပာေရးဆိုခြင့္ရွိသူ မနန္းေ၀ “ က်မတို႔ ၂၉ရက္ေန႔တုန္းက ၄လျပည့္သြားတာေပါ့ေနာ္အခ်ိန္အရမ္းၾကာျပီ စစ္ဖက္နဲ႔ မသက္ဆုိင္တဲ့ သာမာန္အရပ္သားအျပစ္မဲ့ျပည္သူျဖစ္တဲ့အတြက္ အျမန္းဆုံးျပန္လြတ္ေပးဖုိ႔ ေတာ္ေတာ္ေလး အခ်ိန္တန္ ေနျပီျဖစ္တဲ့အျပင္ မိသားစုဝင္ေတြလည္းအရမ္းစိတ္ပူေနျပီးျဖစ္တဲ့အတြက္ AAအေနနဲ႔ အျမန္ဆုံးျပန္လြတ္ေပး ေစခ်င္တယ္” ဟုေျပာသည္။   

ဆလုိင္းေအာင္စုိးအပါအဝင္ ခ်င္းလူငယ္(၄)ဦးတုိ႔သည္ ျပီးခဲ့ေသာ ဇူလုိ္င္လ(၂၉)ရက္ေန႔က ရခုိင္ျပည္နယ္၊ ေက်ာက္ ေတာ္ျမဳိ႕မွ ခ်င္းျပည္နယ္ ပလက္ဝျမဳိ႕သို႔အျပန္ ငသရုိင္းေက်းရြာအနီးတြင္ AA တပ္ဖြဲ႔က ဖမ္းဆီးခဲ့ျခင္းျဖစ္ျပီးက်န္ (၃)ဦးမွာလြတ္ေျမာက္လာျပီးျဖစ္ေသာ္လည္းဆလုိင္းေအာင္စုိး မွာမႈ ယေန႔အခ်ိန္ထိလြတ္ေျမာက္လာျခင္း မရွိေသးျခင္း ျဖစ္သည္။ 

ဆလုိင္းေအာင္စုိး၏ က်န္းမာေရးအေျခအေနမ်ားသိရွိႏုိင္ရန္အတြက္ ဖခင္ႏွင့္ ညီျဖစ္သူမွာ လြန္ခဲ့ေသာ (၄)ရက္ခန္႔တြင္သြားေရာက္စုံစမ္းခဲ့ေသာ္လည္း လမ္းတစ္ဝက္ထိသာသြားခြင့္ရခဲ့ေၾကာင္း ေယာက္ဖေတာ္စပ္သူ ကုိရမ္းႏွင္းကေျပာသည္။

“ သူ႔အေဖႏွင့္ညီတစ္ေယာက္နဲ႔သြားျပီးေတာ့ လမ္းတစ္ဝက္ထိပဲသြားတယ္၊သြားစုံစမ္းၾကည့္ေတာ့ အဲ့ေနရာကုိ ကုိယ္တိုင္သြားလုိ႔မရဘူး ဖမ္းထားတဲ့ေနရာကဘယ္ေနရာလဲဆုိတာမသိဘူး၊ အရင္က ဖမ္းထားခဲ့တဲ့ေနရာအဲ့ရြာအထိကုိ နယ္ကဥကၠဌေတြကမသြားခုိင္းဘူး ၊AAကမလာနဲ႔လုိ႔ေျပာ ထားတာ လားမသိဘူး၊သြားလုိ႔လည္းမရဘူး၊ စကားကုိေတာ့လူ ကေနတဆင့္ဆင့္ျပန္ေျပာခုိင္းတာေပါ့ တိက်မွန္ကန္တဲ့သတင္းကမရေသးဘူး၊ တျခားဘာမွထူးျခားတာမ်ဳိးမရွိေသးဘူး။ အရင္ကလည္း က်န္းက်န္းမာမာနဲ႔ေနပါတယ္၊ ျပန္လြတ္လာပါတယ္လုိ႔ေျပာတာလည္းခါတုိင္းလည္းၾကားေနရေတာ့ သိပ္လည္းမယုံႏုိင္ေတာ့ဘူး၊ တခုခုမ်ားျဖစ္ေနျပီလားသူ႔အသက္ေတာင္ရွိေသးရဲ႕လားသူက အဆုတ္ေရာဂါနည္းနည္းရွိ ေတာ့ စုိးရိမ္ေနရတယ္” ဟု ေယာက္ဖေတာ္စပ္သူ ကုိရမ္းႏွင္းကေျပာသည္။

KACC ၏စာရင္းအရ ပလက္ဝျမဳိ႕နယ္တြင္ ၂၀၁၅ခုႏွစ္မွလက္ရွိအခ်ိန္္ထိ ရကၡဳိင့္တပ္ေတာ္ (AA)မွ ဖမ္းဆီးထားသည့္ အရပ္သားအားလုံးေပါင္း ၁၀၅ ဦးထိရွိခဲ့ျပီး ၈၄ဦးမွာျပန္လည္လြတ္ေျမာက္လာ ျပီးျဖစ္ကာ လက္ရွိတြင္ လြတ္ေျမာက္ျခင္းမရွိေသးသူ ၂၂ ဦးရွိေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

“တမူးမြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သွား” ဆိုတဲ့သတင်းအမှား

“တမူးမြို့နယ် မလူကျေးရွာအတွင်းသို့ ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး” ဆိုတဲ့သတင်းအမှား

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.