Benezer – မြန်မာ့တပ်မတော်မှ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံခဲ့ရသည့် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဝန်ထမ်းအားလုံး ယနေ့ညနေပိုင်း ၁ နာရီ ခွဲတွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီဟုသိရသည်။
“ကျနော်တို့ကို ၁ နာရီမှာခေါ်တယ်၊ ပြီးတော့ မှာတာတွေ ဘာတွေလုပ်တယ်၊ သူတို့ထွေထွေထူးထူး ပြောတာတော့မရှိဘူး၊ သူတို့လည်းမလွှဲမရှောင်သာလို့ဖမ်းရတာပါလို့ ပြောတယ်၊ လက်မှတ်ထိုးခိုင်းတာတွေ ဘာတွေလည်းမရှိဘူး ဒီတိုင်းလွှတ်လိုက်တာပါ” ဟု အဖမ်းခံရသည့် ကော်မရှင်ဝန်ထမ်း တစ်ဦးကပြောသည်။
ချင်းပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဥက္ကဌ နှင့် အတွင်းရေးမှူးများအားလုံးပေါင်း ၂၅ ဦးအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖမ်စီးခဲ့ခြင်း ဖြစ်ပြီး၃၇ ရက်အကြာ ယနေ့တွင်မှ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။