#Unicode
နှင်းနှင်း – ချင်းပြည်နယ်၊ဖလမ်းမြို့အနီးတွင်တည်ဆောက်ပြီးစီးနေပြီဖြစ်သည့် ဆူးရ်ဘုန်လေယာဉ်ကွင်းမှာ ဖွင့်ပွဲပြုလုပ်ပြီးမှ လေယာဉ်စတင်ပြေးဆွဲနိုင်မည်ဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက် ကပြောသည်။
“ဖလမ်းလေဆိပ်က လောလောဆယ်ကျွန်တော်တို့ ဖွင့်ပွဲလည်းမလုပ်ရသေးဘူး၊ ခရီးစဉ်လည်းမဆွဲရ သေးဘူး၊ ဖွင့်ပွဲလုပ်ဖို့ကတော့ အတိအကျမသိရသေးဘူး၊ ဒါပေမယ့်ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် နိုင်ငံတော်အကြီးအကဲတွေအား လပ်ဖို့ ဖြစ်နိုင်မယ်ဆိုရင်တော့ ဒီဖေဖော်ဝါရီလမှာ လူစုလူဝေး နည်းနည်းလေးနဲ့ ချင်းအမျိုးသားနေ့နဲ့တွဲပြီးတော့ လုပ်ဖို့ဒီလိုလေးစဉ်းစားချက်တွေရှိတယ်။ ဖြစ်မဖြစ်ဆိုတာတော့အတိအကျပြောလို့မရဘူးဒီကိုဗစ်ကာလနဲ့ဆိုတော့” ဟု ဦးစိုးထက်ကပြောသည်။
ချင်းပြည်နယ်ရှိ ဆူးရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်မှု ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်၍ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် မြန်မာ့လေကြောင်းလိုင်းမှ ATR-72 လေယာဉ်အမျိုးအစားဖြင့် ပထမဆုံး စမ်းသပ်သည့်အနေဖြင့် ဆင်းသက်ပျံသန်းခဲ့ပြီးဖြစ်သည်။
ဆူရ်ဘုန်လေယာဉ်ကွင်းသည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၆၀၀၀) တွင်တည်ရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်စတင်ဆောင်ရွက်ခဲ့ပြီး လေဆိပ်တည်ဆောက်မှုကုန်ကျ စရိတ်မှာမြန်မာ ကျပ်ငွေ (၃၇) ဘီလီယံရှိသည်ဟု သိရသည်။
အလားတူ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင် ၂၀၁၉ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် လိုင်လင်းပီ လေယာဉ်ကွင်းငယ် တည်ဆောက်မှုမှာလည်း (၇၅) ရာခို်င်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရပြော ရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကဆက်ပြောသည်။
“လိုင်လင်းပီလေယာဉ်ကွင်းလည်းကျွန်တော်တို့သွားကြည့်တော့ ၇၅ ရာခိုင်နှုန်းလောက်ပြီးနေပြီ၊ သူတို့ ဖက်ကဆောက်လုပ်တဲ့အင်ဂျင်နီယာတာဝန်ခံပြောတာကတော့ ၂၀၂၁ မတ်လ လောက်မှာအပြီး လုပ်မယ်လို့ပြောပါတယ်။” ဟု ဦးစိုးထက်ကပြောသည်။
လိုင်လင်းပီလေယာဉ်ကွင်းငယ်သည် မြန်မာနိုင်ငံတွင် နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ ငွေကြေးနှင့် နည်းပညာရာနှုန်းပြည့်ထောက်ပံ့မှုဖြင့် ပထမဆုံးတည်ဆောက်နေခြင်းဖြစ်ပြီး Caravan Cessna လေ ယာဉ်အမျိုးအစားဆင်းသက်နိုင်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၄၉၁၈) တွင်တည်ရှိသော လေယာဉ်ကွင်းဖြစ်ကြောင်းသိရသည်။
#Zawgyi
ႏွင္းႏွင္း – ခ်င္းျပည္နယ္၊ဖလမ္းျမဳိ႕အနီးတြင္တည္ေဆာက္ျပီးစီးေနၿပီျဖစ္သည့္ ဆူးရ္ဘုန္ေလယာဥ္ကြင္းမွာ ဖြင့္ပြဲျပဳလုပ္ၿပီးမွ ေလယာဥ္စတင္ေျပးဆြဲႏိုင္မည္ဟု ခ်င္းျပည္နယ္အစုိးရေျပာေရးဆုိခြင့္ရွိသူ စည္ပင္ဝန္ၾကီး ဦးစုိးထက္ ကေျပာသည္။
“ဖလမ္းေလဆိပ္က ေလာေလာဆယ္ကြ်န္ေတာ္တုိ႔ ဖြင့္ပြဲလည္းမလုပ္ရေသးဘူး၊ ခရီးစဥ္လည္းမဆြဲရ ေသးဘူး၊ ဖြင့္ပြဲလုပ္ဖုိ႔ကေတာ့ အတိအက်မသိရေသးဘူး၊ ဒါေပမယ့္ကြ်န္ေတာ္တုိ႔ကေတာ့ ျဖစ္ႏုိင္ရင္ ႏုိင္ငံေတာ္အၾကီးအကဲေတြအား လပ္ဖို႔ ျဖစ္ႏုိင္မယ္ဆုိရင္ေတာ့ ဒီေဖေဖာ္ဝါရီလမွာ လူစုလူေဝး နည္းနည္းေလးနဲ႔ ခ်င္းအမ်ဳိးသားေန႔နဲ႔တြဲျပီးေတာ့ လုပ္ဖုိ႔ဒီလုိေလးစဥ္းစားခ်က္ေတြရွိတယ္။ ျဖစ္မျဖစ္ဆုိတာေတာ့အတိအက်ေျပာလုိ႔မရဘူးဒီကုိဗစ္ကာလနဲ႔ဆုိေတာ့” ဟု ဦးစုိးထက္ကေျပာသည္။
ခ်င္းျပည္နယ္ရွိ ဆူးရ္ဘုန္ေလယာဥ္ကြင္းတည္ေဆာက္မႈ ရာခုိင္ႏႈန္းျပည့္ ျပီးစီးျပီျဖစ္၍ ၂၀၂၀ ခုႏွစ္ ေအာက္တုိဘာလ ၂၇ ရက္တြင္ ျမန္မာ့ေလေၾကာင္းလုိင္းမွ ATR-72 ေလယာဥ္အမ်ဳိးအစားျဖင့္ ပထမဆုံး စမ္းသပ္သည့္အေနျဖင့္ ဆင္းသက္ပ်ံသန္းခဲ့ျပီးျဖစ္သည္။
ဆူရ္ဘုန္ေလယာဥ္ကြင္းသည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္အျမင့္ေပ (၆၀၀၀) တြင္တည္ရွိျပီး ၂၀၁၅-၂၀၁၆ ဘ႑ာေရးႏွစ္စတင္ေဆာင္ရြက္ခဲ့ျပီး ေလဆိပ္တည္ေဆာက္မႈကုန္က် စရိတ္မွာျမန္မာ က်ပ္ေငြ (၃၇) ဘီလီယံရွိသည္ဟု သိရသည္။
အလားတူ မတူပီျမဳိ႕နယ္၊ လုိင္လင္းပီျမဳိ႕တြင္ ၂၀၁၉ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့သည့္ လိုင္လင္းပီ ေလယာဥ္ကြင္းငယ္ တည္ေဆာက္မႈမွာလည္း (၇၅) ရာခုိ္င္ႏႈန္း ျပီးစီးေနျပီျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစုိးရေျပာ ေရးဆုိခြင့္ရွိသူ စည္ပင္ဝန္ၾကီး ဦးစိုးထက္ကဆက္ေျပာသည္။
“လုိင္လင္းပီေလယာဥ္ကြင္းလည္းကြ်န္ေတာ္တုိ႔သြားၾကည့္ေတာ့ ၇၅ ရာခုိင္ႏႈန္းေလာက္ျပီးေနျပီ၊ သူတုိ႔ ဖက္ကေဆာက္လုပ္တဲ့အင္ဂ်င္နီယာတာဝန္ခံေျပာတာကေတာ့ ၂၀၂၁ မတ္လ ေလာက္မွာအျပီး လုပ္မယ္လုိ႔ေျပာပါတယ္။” ဟု ဦးစုိးထက္ကေျပာသည္။
လုိင္လင္းပီေလယာဥ္ကြင္းငယ္သည္ ျမန္မာႏုိင္ငံတြင္ ႏုိင္ငံတကာအဖြဲ႔အစည္းတစ္ခု၏ ေငြေၾကးႏွင့္ နည္းပညာရာႏႈန္းျပည့္ေထာက္ပံ့မႈျဖင့္ ပထမဆုံးတည္ေဆာက္ေနျခင္းျဖစ္ၿပီး Caravan Cessna ေလ ယာဥ္အမ်ဳိးအစားဆင္းသက္ႏုိင္ျပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္အျမင့္ေပ (၄၉၁၈) တြင္တည္ရွိေသာ ေလယာဥ္ကြင္းျဖစ္ေၾကာင္းသိရသည္။