Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ္းျမဳိ႕ မီးေဘးသင့္သူျပည္သူမ်ားအတြက္ အလွဴေငြ က်ပ္သိန္း(၈၀) ႏွင့္ေဒၚလာ(၂၅၀၀၀) ဝန္းက်င္ရရွိထား

ဖလမ္းျမဳိ႕ မီးေဘးသင့္သူျပည္သူမ်ားအတြက္ အလွဴေငြ က်ပ္သိန္း(၈၀) ႏွင့္ေဒၚလာ(၂၅၀၀၀) ဝန္းက်င္ရရွိထား

0
By Editor on January 15, 2021 Khonumthung

#Unicode

နှင်းနှင်း – ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် အလှူငွေများ ကောက်ခံရာ မြန်မာငွေ ကျပ်သိန်း (၈၀) နှင့် အမေရိကန်ဒေါ်လာ (၂၅၀၀၀) ဝန်းကျင်လက်ခံရရှိထားပြီဖြစ် ကြောင်း ဖလမ်းမြို့၊ မီးဘေးသင့်ကူညီရေးကော်မတီမှကိုငယ်ပီးကပြောသည်။

“ဆုံးရှုံးနစ်နာရတဲ့သူတွေကို ကူညီထောက်ပံနိုင်ဖို့နှင့်ပြန်လည်ထူထောင်လာနိုင်စေရေးအတွက် တတ်နိုင်သေ လာက်နဲ့ပါဝင်ကြဖို့အတွက် အားလုံးဆော်သြထားပါတယ်။ အခုကျွန်တော့်စီမှာတော့ ကျပ်သိန်း (၈၀) ကျော်ကျော် လောက်ရရှိသွားပါပြီ၊ Gofundme ကနေရရှိတာက ဒေါ်လာ နှစ်သောင်းခွဲဝန်း ကျင်တော့ရှိနေပြီ၊ လက်ထဲမှာမေ ရာက်ရှိသေးတာလဲရှိပါတယ်၊ အားလုံးကလည်းသူ့နေရာနဲ့သူ ကောက်ခံနေဆဲဖြစ်တယ်” ဟု ကိုငယ်ပီးက ပြောသည်။

ဖလမ်းမြို့တွင် ဇန်နဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်း ၃ နာရီခွဲခန့်တွင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါမီးလောင်မှုကြောင့် လူနေအိမ် (၆) လုံးလောင်ကျွမ်းပြာကျသွားပြီး၊ အမျိုးသမီး (၂) ဦး သေဆုံးသွားကြောင်းသိရသည်။

ဆောင်းရာသီကာလအတွင်း ချင်းပြည်နယ်တွင်ရာသီဥတုအေးသောကြောင့် ဒေသခံပြည်သူများသည် ညအချိန်တွင် မီးလှုံခြင်း၊ လျှပ်စစ်အပူးပေးစက် (Heater) များအသုံးပြုလေ့ရှိကြသည့်အတွက်ထိုမှတ ဆင့်မီးလောင်ကျွမ်းမှု လည်းဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။

ဖလမ်းမြို့ရှိ မီးဘေးသင့် အိမ်ထောင်စုများကို ၎င်းတို့၏ စ္စည်းဆုံးရှုံးမှုပမာဏနှင့် အလှူငွေကောက်ခံရရှိမှုအပေါ် တွက်ချက်ပြီးထောက်ပံ့ကူညီမှုတွေပြုလုပ်သွားမည်ဖြစ်ကြောင်းဖြစ်ကြောင်းသိရှိရသည်။

ဖလမ်းမြို့မှ တာဝန်ရှိသူများမှ တစ်အိမ်တက်ဆင်းဖြင့်အလှူငွေများကောက်ခံ ခြင်း၊ မီးဘေးသင့်ကူညီရေးကော်မတီအဖွဲ့၊ ပြည်တွင်းပြည်ပမှ ချင်းဖလမ်းလူမျိုးအဖွဲ့အစည်းတို့ ပူးပေါင်းပြီးဆောင်ရွက်နေကြောင်းသိရသည်။

၁၉၈၃ ခုနှစ်တွင် ဖလမ်းမြို့မစျေးကြီးမှာ မီးလောင်ပြာကျခဲ့၍ ဆုံးရှုံးမှုအကြီိးမားဆုံးဖြစ်ခဲ့ပြီး နှစ်ပေါင်း ၃၇ နှစ်အကြာမှ ယခုကဲ့သို့ကြီးမားပြီးဆုံးရှုံးမှုများသည့် မီးလောင်မှုမျိုးထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖလမ်းမြို့၊ မီးဘေးသင့် ကူညီရေးကော်မတီမှ ကိုငယ်ပီးကပြောသည်။

#Zawgyi

ႏွင္းႏွင္း – ခ်င္းျပည္နယ္၊ ဖလမ္းျမဳိ႕ရွိ မီးေဘးသင့္ျပည္သူမ်ား ျပန္လည္ထူေထာင္ႏုိင္ေရးအတြက္ အလွဴေငြမ်ား ေကာက္ခံရာ ျမန္မာေငြ က်ပ္သိန္း(၈၀) ႏွင့္ အေမရိကန္ေဒၚလာ (၂၅၀၀၀) ဝန္းက်င္လက္ခံရရွိထားျပီျဖစ္ ေၾကာင္း ဖလမ္းျမဳိ႕၊ မီးေဘးသင့္ကူညီေရးေကာ္မတီမွကုိငယ္ပီးကေျပာသည္။

“ဆုံးရႈံးနစ္နာရတဲ့သူေတြကုိ ကူညီေထာက္ပံႏုိင္ဖုိ႔ႏွင့္ျပန္လည္ထူေထာင္လာႏိုင္ေစေရးအတြက္ တတ္နုိင္သေ လာက္နဲ႔ပါဝင္ၾကဖုိ႔အတြက္ အားလုံးေဆာ္ၾသထားပါတယ္။ အခုကြ်န္ေတာ့္စီမွာေတာ့ က်ပ္သိန္း(၈၀) ေက်ာ္ေက်ာ္ ေလာက္ရရွိသြားပါျပီ၊ Gofundme ကေနရရွိတာက ေဒၚလာ ႏွစ္ေသာင္းခြဲဝန္း က်င္ေတာ့ရွိေနျပီ၊ လက္ထဲမွာမေ ရာက္ရွိေသးတာလဲရွိပါတယ္၊ အားလုံးကလည္းသူ႔ေနရာနဲ႔သူ ေကာက္ခံေနဆဲျဖစ္တယ္။” ဟု ကုိငယ္ပီးက ေျပာသည္။ 

ဖလမ္းျမိဳ႕တြင္ ဇန္နဝါရီ ၁၂ ရက္ေန႔ နံနက္ပုိင္း ၃ နာရီခြဲခန္႔တြင္မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ျပီး အဆုိပါမီးေလာင္မႈေၾကာင့္ လူေနအိမ္ (၆) လုံးေလာင္ကြ်မ္းျပာက်သြားျပီး၊ အမ်ဳိးသမီး (၂) ဦး ေသဆုံးသြားေၾကာင္းသိရသည္။ 

ေဆာင္းရာသီကာလအတြင္း ခ်င္းျပည္နယ္တြင္ရာသီဥတုေအးေသာေၾကာင့္ ေဒသခံျပည္သူမ်ားသည္ ညအခ်ိန္တြင္ မီးလႈံျခင္း၊ လွ်ပ္စစ္အပူးေပးစက္ (Heater) မ်ားအသုံးျပဳေလ့ရွိၾကသည့္အတြက္ထုိမွတ ဆင့္မီးေလာင္ကြ်မ္းမႈ လည္းျဖစ္ပြားျခင္းျဖစ္ေၾကာင္းသိရသည္။

ဖလမ္းျမဳိ႕ရွိ မီးေဘးသင့္ အိမ္ေထာင္စုမ်ားကို ၎တို႔၏ စၥည္းဆုံးရႈံးမႈပမာဏႏွင့္ အလွဴေငြေကာက္ခံရရွိမႈအေပၚ တြက္ခ်က္ျပီးေထာက္ပံ့ကူညီမႈေတြျပဳလုပ္သြားမည္ျဖစ္ေၾကာင္းျဖစ္ေၾကာင္းသိရွိရသည္။

ဖလမ္းျမဳိ႕မွ တာဝန္ရွိသူမ်ားမွ တစ္အိမ္တက္ဆင္းျဖင့္အလွဴေငြမ်ားေကာက္ခံ ျခင္း၊ မီးေဘးသင့္ကူညီေရးေကာ္မတီအဖြဲ႔၊ ျပည္တြင္းျပည္ပမွ ခ်င္းဖလမ္းလူမ်ဳိးအဖြဲ႔အစည္းတုိ႔ပူးေပါင္း ျပီးေဆာင္ရြက္ေနေၾကာင္းသိရသည္။ 

၁၉၈၃ ခုႏွစ္တြင္ ဖလမ္းျမဳိ႕မေစ်းၾကီးမွာမီးေလာင္ျပာက်ခဲ့၍ ဆုံးရႈံးမႈအၾကီိးမားဆုံးျဖစ္ခဲ့ျပီး နွစ္ေပါင္း ၃၇ ႏွစ္အၾကာမွ ယခုကဲ့သုိ႔ၾကီးမားျပီးဆုံးရႈံးမႈမ်ားသည့္ မီးေလာင္မႈမ်ဳိးထပ္မံျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု ဖလမ္းျမဳိ႕၊ မီးေဘးသင့္ ကူညီေရးေကာ္မတီမွ ကုိငယ္ပီးကေျပာသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

ချင်းလူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ကင်ဆာရောဂါဖြင့်ကွယ်လွန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.