Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ အလင်းဝင်သူ နှင့် စစ်သုံ့ပန်း ၂၆ ဦး ဖမ်းမိဟုဆို

ဖလမ်းမြို့တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ အလင်းဝင်သူ နှင့် စစ်သုံ့ပန်း ၂၆ ဦး ဖမ်းမိဟုဆို

0
By Editor on January 9, 2026 Khonumthung

🔳Khuangli ရွာအနီးမှာ စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ ယနေ့ တိုက်ပွဲပြင်းထန်နေ

(006SV)

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ဦးတည်စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့၏ ၂ လကြာ တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်မှ အလင်းဝင်သူနှင့် စစ်သုံ့ပန်း ၂၆ ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့ကို ဦးတည်၍ သိုင်းငင်း- ဖလမ်း စစ်ကြောင်းနှင့် ဝေဘုလ- ဖလမ်း စစ်ကြောင်းတို့ဖြင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလဆန်းမှ စစ်ကြောင်းထိုးလာရာ ချင်းပူးပေါင်းတပ်မှ ခုခံကာကွယ်တိုက်ခိုက်နေသည်ဟု သိရသည်။

“၂ လကျော်မှာ အလင်းဝင်တယ်လို့ ပြောရမှာပေါ့နော်။ ပြေးလာပြီးတော့ အလင်းဝင်လာတဲ့ လူက ကျနော်တို့ CNDF ဆီကို ရောက်လာတာက ၁၄ ဦး ရှိပါတယ်။ နောက်ပြီးတော့ ပူးပေါင်းတပ်တွေနဲ့ စစ်ဆင်ရေးထဲမှာ စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးထားတာက ဒီနေ့အထိ ၁၂ ယောက် ရှိပါတယ်။ တချို့ကတော့ သူတို့ဟာ သူတို့ ပြေးသွားပြီးတော့ ကျနော်တို့ဆီကို မရောက်လာတာမျိုးလည်း ရှိတယ်။ သူတို့ဟာ သူတို့ ပြေးပြီး လွတ်မြောက်သွားကြတာမျိုးရှိတာပါ” ဟု CNO/ CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၉ ရက်တွင်လည်း ဖလမ်းမြို့နယ် Khuangli ရွာ မရောက်မီနေရာတွင် မနက် ၆ နာရီခွဲမှ စတင်၍ ဆက်သွယ်မေးမြန်းချိန် မွန်းလွဲပိုင်းအထိ စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။

“စစ်ရေးက စစ်ကြောင်း ၂ ကြောင်းနဲ့ လာတယ်ဆိုတော့ ကျနော်တို့ ဖလမ်းအနောက်မြောက်ဘက်မှာ Khuangli လို့ ခေါ်တဲ့ ရွာမတိုင်ခင်မှာ ဒီမနက်ထိလည်း တိုက်ပွဲ ဆက်ဖြစ်နေဆဲဖြစ်ပါတယ်။ ဖလမ်းရဲ့ အနောက်တောင်ဘက်မှာ Sumhrang ရွာ ဘက်မှာတော့ အခုလောလောဆယ်တော့ စစ်ရေးက ငြိမ်နေတဲ့ အခြေအနေမှာရှိပါတယ်” ဟု ဆလိုင်းတင်မီက ပြောသည်။

Khuangli ရွာအနီး ဖြစ်ပွားနေသော ယနေ့တိုက်ပွဲကာလတွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ရှိခဲ့ပြီး E- 20 ထောက်ပို့လေယာဉ်နှင့်လည်း ထောက်ပို့ပစ္စည်းတွေ ချပေးခဲ့သည်ဟု သိရသည်။

Khuangli ရွာတွင် တစ်လခန့်အကြာ တပ်စွဲခဲ့သော စစ်ကော်မရှင်တပ် စစ်ကြောင်းတွင် အင်အား ၂၀၀ မှ ၃၀၀ ကျော် ရှိပြီး ချင်းပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားလျက်ရှိကာ လေကြောင်းဖြင့်လည်း ဗုံးကြဲတိုက်ခိုက် နေကြောင်း သိရသည်။

ဝေဘူလမှ ဖလမ်းမြို့သို့ ဦးတည်နေသော စစ်ကော်မရှင်တပ်၏ စစ်ကြောင်းသည် လက်ရှိမှာ Sumhrang ရွာမှာ အခြေစိုက်၍ စစ်ရေးလှုပ်ရှားနေသည်မှာ တစ်လခန့် ရှိနေပြီး လတ်တလော တိုက်ပွဲ ငြိမ်နေသည်ဟု သိရသည်။

ဖလမ်းမြို့နယ်က တိုက်ပွဲများတွင် ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့များ၊ ချင်းညီနောင်အဖွဲ့ဝင် CNDF တို့ ပူးပေါင်း၍ စစ်ကော်မရှင်တပ်များကို တိုက်ခိုက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hakha အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပြီး ဒုဥက္ကဌဟောင်း Salai Sang Ling ကျဆုံး

ထိန်းသိမ်းခံထားရစဉ် ရောဂါအခံဖြင့်သေဆုံးသည်ဟုဆိုသော ဦးထန်ခန်းဒါလ်၏ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရှိမှုအပေါ် ဝေဖန်မှုမြင့်တက်

ပြည်သူထံ ငွေညစ်ခြင်း၊ နေအိမ် ဖောက်ထွင်းဓါးပြတိုက်ခြင်း ကျူးလွန်နေသည့် စစ်တပ်ပြည်သူ့စစ် တစ်ဦးကို CDF – ဟားခါး ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.