• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့တွင်း ပစ်ခတ်မှုကြောင့် ဖမ်းခံရသူ ၅ ဦး ကတိခံဝန်ချက်ဖြင့် ပြန်လွတ်မြောက်လာ

ဖလမ်းမြို့တွင်း ပစ်ခတ်မှုကြောင့် ဖမ်းခံရသူ ၅ ဦး ကတိခံဝန်ချက်ဖြင့် ပြန်လွတ်မြောက်လာ

0
By Editor on February 16, 2023 Headline

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် တစ်လနီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ပြည်သူ (၅) ဦးသည် ယနေ့မွန်းလွဲပိုင်းက ကတိခံဝန်ချက်လက်မှတ်ထိုးကာ ပြန်လွတ်မြောက်လာကြပြီဖြစ်သည်။

“အခုပဲ သူတို့အိမ်ကို ပြန်လွတ်တယ်၊ သူတို့လွတ်တဲ့ပုံစံက ခံဝန်ချက်နဲ့ သူတို့အမျိုး ၂ ယောက်စီနဲ့ အာမခံနဲ့သူတို့ထွက်တာ၊ ၅ ယောက်စလုံးလွတ်လာတယ်။ သူတို့က ရမာန် နှစ်ခါယူရတယ်ဆိုတော့ တစ်လဝန်းကျင် အချုပ်ခန်းထဲမှာနေရတယ် ကျန်းမာရေးအခြေအနေတော့ ကောင်းပါတယ်။” ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။

ယနေ့ လွတ်မြောက်လာသူ (၅) ဦးမှာ ဆလိုင်းငွန်ဆွီးထန်၊ ဦးသင်မှုန်၊ ဒေါ်ရန်နွမ်၊ ဒေါ်နိုင်ကိပ်ပါရ်နှင့် ဆလိုင်းဟရန်လျန်အွယ်တို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်ညနေပိုင်းက ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ ကျောင်းလုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနီးအနားရှိ အရပ်သားပြည်သူ ၂၄ ဦး ဖမ်းဆီးခံရကာ ၁၉ ဦး ပြန်လွတ်ပေးခဲ့ပြီး အထက်ပါ ၅ ဦးကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့် နိုင်ငံရေးနှင့်ပက်သက်ခြင်း၊ တော်လှန်ရေးတွင် လူကိုယ်တိုင်နှင့် တော်လှန်ရေးကို အားပေးထောက်ပံ့ပေးခြင်းတို့တွင် ပါဝင်ခြင်းမပြုရန်၊ ပါဝင်ပတ်သက်ခြင်းရှိပါက အချိန်မရွေး ဖမ်းဆီးခံရမည်ဟူသည့် ကတိခံဝန်ချက် လက်မှတ်ထိုးကာ စစ်ကောင်စီက ပြန်လွတ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.