• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှင့် သေဆုံးမှုများလာခြင်းကြောင့် ဇွန်လ ၂၃ ရက်နေ့မှစတင်ပြီး အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာသာနေထိုင်ကြရန် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ထုတ်ပြန်

ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှင့် သေဆုံးမှုများလာခြင်းကြောင့် ဇွန်လ ၂၃ ရက်နေ့မှစတင်ပြီး အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာသာနေထိုင်ကြရန် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ထုတ်ပြန်

0
By Editor on June 22, 2021 Headline

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် မေလ ၂၀ ရက်နေ့ကစတင်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာခဲ့ပြီး လက်ရှိတွင်လည်း ကိုဗစ်ကူးစက်ခံရမှုနှင့် သေဆုံးမှုများလာခြင်းကြောင့် ဇွန်လ ၂၃ ရက်နေ့မှ စတင်ပြီး ၈ ရက်အကြာ အိမ်ပြင်မထွက်ကြဘဲ အိမ်ထဲတွင်သာနေထိုင်ကြရန် ဖလမ်းမြို့ ခရစ်ယာန်ဂိုဏ်ပေါင်းစုံအမှုတော်ဆောင်များအဖွဲ့ (FCMF) က ယနေ့ထုတ်ပြန်လိုက်သည်။

FCMF အဖွဲ့ ဥက္ကဌ သိက္ခာတော်ရ ဆရာ Rev. Daniel Vai Lian Zul က “Stay At Home လောက်ပါပဲ၊ တခြားတော့ ဘာမှကျွန်တော်တို့ လုပ်နိုင်စရာမရှိသေးပါဘူး၊ ပြင်ဆင်ခြင်းကာလက ဒီနေ့နဲ့၊နက်ဖြန် စားစရာလေးတွေ ပြင်ဆင်စရာလေးတွေပြင်ဆင်မယ်၊ တဖက်ခါကြရင်စမယ်၊ ၈ ရက်ပါ ဒီလကုန်အထိပေါ့၊ အဲ့တာပြီးရင် ပြန်ကြည့်ပြီးတော့ ရောဂါပိုးတွေ့တဲ့သူ ပိုများသလား၊ နည်းနည်းကျသလား၊ အသေပျောက်ရော နည်းနည်းကျသလား ကျွန်တော်တို့ကြည့်ပြီးတော့ ထပ်ပြီးတော့ အကူအညီတောင်းဖို့သင့်တယ်ဆိုရင်လည်း ပြန်ပြီးတော့ ချဖို့ကျွန်တော်တို့စီစဉ်ထားတယ်” ဟု ပြောသည်။

ဖလမ်းမြို့တွင် ကိုဗစ်ရောဂါပိုးတွေ့ လူနာများပြားလာခြင်း၊ ယခုလက်ရှိ အချိန် ပြည်သူ့ဆေးရုံတွင်လည်း လူနာယောက် ၇၀ ကျော်ကုသမှုခံယူနေရသည့်အပြင် တရက်ခြား သေဆုံးမှုရှိလာသောကြောင့် ကာကွယ်မှုမပြုလုပ်ထားပါက ယခုထက်ပိုမိုများပြား လာမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်သည်ဟု သိရသည်။

ဖလမ်းမြို့နယ်တွင် ယခုချိန်ထိ ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၁၂ ယောက်သေဆုံးသွားပြီဟုသိရသည်။

ဖလမ်းမြို့တွင် ကိုဗစ်လူနာများလာသည့်အပြင် အောက်ဆီဂျင် မလုံလောက်မှုကြောင့် အရေးပေါ်လူနာများ အသက်ဆုံးရူံးရသည့်အပြင် လက်ရှိတွင်လည်း ဖလမ်းအောက်ဆီဂျင်စက်ရုံပျက် နေခြင်းတို့ကြောင့် အခက်ကြုံနေရကြောင်းလည်း ၎င်းကပြောသည်။

ဖလမ်းမြို့ရှိ အောက်ဆီဂျင်စက်ရုံတွင် တရက်လျှင် လီတာ ၄၀ ဆံ့ ဗူး ၃၀ သာဖြည့်နိုင်ပြီး လီတာ ၄၀ ဆံ့ အောက်ဆီဂျင်တဗူးလျှင် ၅ နာရီကြာ အသုံးပြုနိုင်ကြောင်းလည်း သိရသည်။ H

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.