Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့မှာ တိုက်ပွဲများ ပြင်းထန်နေ

ဖလမ်းမြို့မှာ တိုက်ပွဲများ ပြင်းထန်နေ

0
By Editor on March 12, 2025 Headline

စစ်ကောင်စီက ဖလမ်းမကျစေရေး လေကြောင်းပစ်ကူ အများပြားဖြင့် ခုခံ

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို အပြီးသတ်သိမ်းနိုင်ရေးအတွက် ခလရ – ၂၆၈ တပ်ကုန်းတွင် ယနေ့ တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်ပစ်ကူအများအပြားဖြင့် ခုခံလျက်ရှိသည်ဟု သိရသည်။

ယနေ့ မတ်လ ၁၂ ရက်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေရာ စစ်ကောင်စီက မနက်ပိုင်းကတည်းက ဂျက်ဖိုက်တာများ၊ Y -12 နှင့် Y – 8 လေယာဉ်များအသုံးပြုပြီး ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းမှ တနေကုန် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ – CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

“ဒီနေ့ကတော့ နှစ်ဖက်တိုက်ပွဲက တော်တော်ပြင်းထန်ပါတယ်။ ပြင်းထန်တော့ တနေ့ကုန်ပါပဲ။ မနက်မိုးလင်းကတည်းကနေ အခုထိ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတွေ ချပြီး တိုက်ခိုက်နေတယ်။ တော်တော်လေး များပါတယ်။ ဂျက်အစီးရေနဲ့ လာနေ တာတောင် ၁၀ ခေါက်ထက် ကျော်တယ်။ Y- 12 နဲ့ရော၊ ကင်းထောက်လေယာဉ်တွေ Y – 8 တို့လည်း အခုထိ လာနေတုန်းပါ။ တော်တော်ပြင်းထန်တဲ့ တိုက်ပွဲဖြစ်ပါတယ်” ဟု ဆလိုင်းတီမီက ပြောသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် သတ်မှတ်၍ ချင်းညီနောင်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှ စတင်ထိုးစစ်ဆင်နေရာ နောက်ဆုံးလက်ကျန်စခန်းကုန်ကို သိမ်းနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။

ချင်းပူးပေါင်းတပ်ဖွဲ့သည် ဖလမ်းမြို့ပေါ်က စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ထားပြီး တောင်ကုန်းပေါ်တွင် တည်ရှိသော ခလရ – ၂၆၈ တပ်ရင်းသာ ကျန်ရှိသောကြောင့် ၎င်းစခန်းကို သိမ်းနိုင်ရေးအတွက် ဝိုင်းဝန်ပိတ်ဆို့၊ ဖြတ်တောက်ကာ တိုက်ခိုက် နေခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီသည် ရဟတ်ယာဉ်ဖြင့် နောက်ဆုံးကျန်ရှိနေသော ခလရ – ၂၆၈ တပ်ကုန်းကို ပြီးခဲ့သည့် ဇန်နဝါရီလတုန်းက စစ်ကူအင်အား ပေးပို့ခဲ့သည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိကြီးများအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို ဖမ်းဆီး ရမိထားပြီး နိုင်ငံတကာ ဥပဒေများအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် CDF – မင်းတပ်နှင့် PDF – Zoland အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်က ရဲဘော်များ ထိခိုက် ကျဆုံးမှုများ ရှိကြောင်း၊ စစ်ကောင်စီဘက်မှလည်း ထိခိုက်အကျအဆုံး များပြားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.