Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့ ခလရ ၂၆၈ တပ်ကုန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံး

ဖလမ်းမြို့ ခလရ ၂၆၈ တပ်ကုန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံး

0
By Editor on October 9, 2024 Headline

ချင်းပြည်နယ် ဖလမ်းမြို့မှာ အခြေစိုက်တပ်စွဲထားသော ခလရ ၂၆၈ တပ်ကုန်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် တောင်ယာထဲအလုပ်လုပ်နေသော အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က ၂၆၈ တပ်ကုန်းကနေ လက်နက်ကြီး ၄ ကြိမ်ခန့်ပစ်ခတ်ခဲ့ပြီး ဖလမ်းမြို့မှ ၆ မိုင်ခန့်ဝေးသော Relsing ကျေးရွာ ဘောလုံးကွင်းအနီး ကျရောက်ပေါက်ကွဲကာ တောင်ယာထဲအလုပ်လုပ်နေသော အသက် ၅၇ နှစ်အရွယ် Pu Biak Kip Ceu ထိမှန် သေဆုံးခဲ့သည်ဟု ဖလမ်းမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်သည် Relsing ကျေးရွာကျောင်းဝင်းထဲက အဆောက်အဦးတစ်ခုကိုလည်းထိမှန်ခဲ့ပြီး အခြားထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးပေ။

ယနေ့မွန်းလွဲပိုင်း ၁ နာရီလောက်ကလည်း ဖလမ်းမြို့အထွက် ဖလမ်း-ဟားခါးလမ်းမပေါ်က Lungpi, Lungrang ကျေးရွာဘက်နှင့် Surbung လေယာဉ်ကွင်းဘက်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုသိရပြီး အသေးစိတ်အခြေအနေကိုတော့ မသိရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.