Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့ ဆန္ဒပြမှုတွင် ဖမ်းဆီးခံရသူ (၃) ဦး ၅၀၅ (က)နှင့်အမှုဖွင့်ခံရ

ဖလမ်းမြို့ ဆန္ဒပြမှုတွင် ဖမ်းဆီးခံရသူ (၃) ဦး ၅၀၅ (က)နှင့်အမှုဖွင့်ခံရ

0
By Editor on March 2, 2021 Headline
#Unicode
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသော ပြည်သူများကို မျက်ရ ည်ယိုဗုံးဖြင့် ပစ်ဖောက်ဖြိုခွင်းကာလူစုခွဲပြီးနောက်ဖမ်းဆီးခံခဲ့ရသည့် လူငယ် (၃) ဦးသည် မတ်လ ၁ ရက်နေ့တွင် ပုဒ်မ (၅၀၅) (က) ဖြင့် အမှုဖွင့်အရေးယူထားသည်ဟုသိရသည်။
ဖလမ်းမြို့မှ Chinland Herald သတင်းဌာအယ်ဒီတာချူပ် ကိုငယ်ပီးက “ အစတုန်းက ရဲအချုပ်ကနေ စစ်တပ်ထဲကို ထိန်းထားတယ်၊ အခုပထမ အကြိမ် မနေ့ကရုံးထုတ်တယ်၊ တဖက်ခါဒုတိယအကြိမ်ပြန်ချိန်းထားတယ်၊ စစ်တပ်ကနေ ရဲအချုပ်ဖက်ကို ပြန်ပြောင်းလာကြပြီ၊ ရှေ့နေတွေငှားဖုုိ့ပြင်ဆင်နေတယ်၊ ရှေ့နေတွေ ငှားပိုင်ခွင့်ရှိတယ်လို့ မနေ့က တရားသူကြီးကပြောလိုက်တယ်၊ ဆန္ဒပြကိစ္စကြောင့်ပါ၊ အခုသူတို့ကို ရဲစခန်းအချုပ်ထဲမှာ ထားတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဖလမ်းမြို့ဆန္ဒဖော်ထုတ်မှုတွင် ရဲတပ်ဖွဲ့က ခရစ်ယာန်သင်းအုပ်ဆရာများ၏အကူအညီဖြင့် ဆန္ဒပြပြည်သူများအားလူစုခွဲရန်ဖြောင်းဖြကာ ဆုတောင်းခြင်းဖြင့်ငြိမ်းချမ်းစွာလူစုခွဲရန်သဘောတူခဲ့ကြပြီး လူစုခွဲမည့် နေရာမရောက်ခင်တွင် ရဲနှင့်တပ်မတော်က မျက်ရည်ယိုဗုံး ၃ ချက်ပြစ်ဖောက်ကာ လူ ၃ ဦးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) သည်အာမခံ ပေးခွင့်မရှိသော ပုဒ်မဖြစ်ပြီး ထောင်ဒဏ် (၂) နှစ်အထိ ကျခံနိုင်ပြီး ငွေဒဏ်လည်းကျခံနိုင်ကြောင်းသိရသည်။
#Zawgyi
ခ်င္းျပည္နယ္၊ ဖလမ္းျမဳိ႕တြင္ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔က ျငိမ္းခ်မ္းစြာဆႏၵေဖာ္ထုတ္ေနေသာ ျပည္သူမ်ားကုိ မ်က္ရ ည္ယုိဗုံးျဖင့္ ပစ္ေဖာက္ျဖဳိခြင္းကာလူစုခြဲၿပီးေနာက္ဖမ္းဆီးခံခဲ့ရသည့္ လူငယ္ (၃) ဦးသည္ မတ္လ ၁ ရက္ေန႔တြင္ ပုဒ္မ (၅၀၅) (က) ျဖင့္ အမႈဖြင့္အေရးယူထားသည္ဟုသိရသည္။
ဖလမ္းျမဳိ႕မွ Chinland Herald သတင္းဌာအယ္ဒီတာခ်ဴပ္ ကုိငယ္ပီးက “ အစတုန္းက ရဲအခ်ဳပ္ကေန စစ္တပ္ထဲကို ထိန္းထားတယ္၊ အခုပထမ အၾကိမ္ မေန႔ကရုံးထုတ္တယ္၊ တဖက္ခါဒုတိယအၾကိမ္ျပန္ခ်ိန္းထားတယ္၊ စစ္တပ္ကေန ရဲအခ်ဳပ္ဖက္ကုိ ျပန္ေျပာင္းလာၾကျပီ၊ ေရွ႕ေနေတြငွားဖုုိ႔ျပင္ဆင္ေနတယ္၊ ေရွ႕ေနေတြ ငွားပုိင္ခြင့္ရွိတယ္လုိ႔ မေန႔က တရားသူၾကီးကေျပာလုိက္တယ္၊ ဆႏၵျပကိစၥေၾကာင့္ပါ၊ အခုသူတုိ႔ကုိ ရဲစခန္းအခ်ဳပ္ထဲမွာ ထားတယ္၊” ဟု ေျပာသည္။
ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ ဖလမ္းၿမိဳ႕ဆႏၵေဖာ္ထုတ္မႈတြင္ ရဲတပ္ဖြဲ႔က ခရစ္ယာန္သင္းအုပ္ဆရာမ်ား၏အကူအညီျဖင့္ ဆႏၵျပျပည္သူမ်ားအားလူစုခြဲရန္ေျဖာင္းျဖကာ ဆုေတာင္းျခင္းျဖင့္ၿငိမ္းခ်မ္းစြာလူစုခြဲရန္သေဘာတူခဲ့ၾကၿပီး လူစုခြဲမည့္ ေနရာမေရာက္ခင္တြင္ ရဲႏွင့္တပ္မေတာ္က မ်က္ရည္ယိုဗံုး ၃ ခ်က္ျပစ္ေဖာက္ကာ လူ ၃ ဦးဖမ္းဆီးခဲ့ျခင္းျဖစ္သည္။
ရာဇသတ္ၾကီး ပုဒ္မ ၅၀၅ (က) သည္အာမခံ ေပးခြင့္မရွိေသာ ပုဒ္မျဖစ္ျပီး ေထာင္ဒဏ္ (၂) ႏွစ္အထိ က်ခံႏုိင္ျပီး ေငြဒဏ္လည္းက်ခံႏုိင္ေၾကာင္းသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်မှာ မူးယစ်းဆေးဝါးတားဆီးကာကွယ်ရေးဥပဒေပြဌာန်းပြီး နှိမ်နှင်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည်

မတ်လလယ်မှာ လွှတ်တော်များ ခေါ်ယူပြီး၊ ဧပြီလဆန်းပိုင်းမှာ စစ်အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပြောင်းပေးမည်ဟု ဆို

ဆော – ကျောက်ထု – မင်းတပ် လမ်းပိုင်းကို လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့်ကန့်သတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.