• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့ ဆန္ဒပြမှုတွင် ဖမ်းဆီးခံရသူ (၃) ဦး ၅၀၅ (က)နှင့်အမှုဖွင့်ခံရ

ဖလမ်းမြို့ ဆန္ဒပြမှုတွင် ဖမ်းဆီးခံရသူ (၃) ဦး ၅၀၅ (က)နှင့်အမှုဖွင့်ခံရ

0
By Editor on March 2, 2021 Headline
#Unicode
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသော ပြည်သူများကို မျက်ရ ည်ယိုဗုံးဖြင့် ပစ်ဖောက်ဖြိုခွင်းကာလူစုခွဲပြီးနောက်ဖမ်းဆီးခံခဲ့ရသည့် လူငယ် (၃) ဦးသည် မတ်လ ၁ ရက်နေ့တွင် ပုဒ်မ (၅၀၅) (က) ဖြင့် အမှုဖွင့်အရေးယူထားသည်ဟုသိရသည်။
ဖလမ်းမြို့မှ Chinland Herald သတင်းဌာအယ်ဒီတာချူပ် ကိုငယ်ပီးက “ အစတုန်းက ရဲအချုပ်ကနေ စစ်တပ်ထဲကို ထိန်းထားတယ်၊ အခုပထမ အကြိမ် မနေ့ကရုံးထုတ်တယ်၊ တဖက်ခါဒုတိယအကြိမ်ပြန်ချိန်းထားတယ်၊ စစ်တပ်ကနေ ရဲအချုပ်ဖက်ကို ပြန်ပြောင်းလာကြပြီ၊ ရှေ့နေတွေငှားဖုုိ့ပြင်ဆင်နေတယ်၊ ရှေ့နေတွေ ငှားပိုင်ခွင့်ရှိတယ်လို့ မနေ့က တရားသူကြီးကပြောလိုက်တယ်၊ ဆန္ဒပြကိစ္စကြောင့်ပါ၊ အခုသူတို့ကို ရဲစခန်းအချုပ်ထဲမှာ ထားတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဖလမ်းမြို့ဆန္ဒဖော်ထုတ်မှုတွင် ရဲတပ်ဖွဲ့က ခရစ်ယာန်သင်းအုပ်ဆရာများ၏အကူအညီဖြင့် ဆန္ဒပြပြည်သူများအားလူစုခွဲရန်ဖြောင်းဖြကာ ဆုတောင်းခြင်းဖြင့်ငြိမ်းချမ်းစွာလူစုခွဲရန်သဘောတူခဲ့ကြပြီး လူစုခွဲမည့် နေရာမရောက်ခင်တွင် ရဲနှင့်တပ်မတော်က မျက်ရည်ယိုဗုံး ၃ ချက်ပြစ်ဖောက်ကာ လူ ၃ ဦးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) သည်အာမခံ ပေးခွင့်မရှိသော ပုဒ်မဖြစ်ပြီး ထောင်ဒဏ် (၂) နှစ်အထိ ကျခံနိုင်ပြီး ငွေဒဏ်လည်းကျခံနိုင်ကြောင်းသိရသည်။
#Zawgyi
ခ်င္းျပည္နယ္၊ ဖလမ္းျမဳိ႕တြင္ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔က ျငိမ္းခ်မ္းစြာဆႏၵေဖာ္ထုတ္ေနေသာ ျပည္သူမ်ားကုိ မ်က္ရ ည္ယုိဗုံးျဖင့္ ပစ္ေဖာက္ျဖဳိခြင္းကာလူစုခြဲၿပီးေနာက္ဖမ္းဆီးခံခဲ့ရသည့္ လူငယ္ (၃) ဦးသည္ မတ္လ ၁ ရက္ေန႔တြင္ ပုဒ္မ (၅၀၅) (က) ျဖင့္ အမႈဖြင့္အေရးယူထားသည္ဟုသိရသည္။
ဖလမ္းျမဳိ႕မွ Chinland Herald သတင္းဌာအယ္ဒီတာခ်ဴပ္ ကုိငယ္ပီးက “ အစတုန္းက ရဲအခ်ဳပ္ကေန စစ္တပ္ထဲကို ထိန္းထားတယ္၊ အခုပထမ အၾကိမ္ မေန႔ကရုံးထုတ္တယ္၊ တဖက္ခါဒုတိယအၾကိမ္ျပန္ခ်ိန္းထားတယ္၊ စစ္တပ္ကေန ရဲအခ်ဳပ္ဖက္ကုိ ျပန္ေျပာင္းလာၾကျပီ၊ ေရွ႕ေနေတြငွားဖုုိ႔ျပင္ဆင္ေနတယ္၊ ေရွ႕ေနေတြ ငွားပုိင္ခြင့္ရွိတယ္လုိ႔ မေန႔က တရားသူၾကီးကေျပာလုိက္တယ္၊ ဆႏၵျပကိစၥေၾကာင့္ပါ၊ အခုသူတုိ႔ကုိ ရဲစခန္းအခ်ဳပ္ထဲမွာ ထားတယ္၊” ဟု ေျပာသည္။
ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ ဖလမ္းၿမိဳ႕ဆႏၵေဖာ္ထုတ္မႈတြင္ ရဲတပ္ဖြဲ႔က ခရစ္ယာန္သင္းအုပ္ဆရာမ်ား၏အကူအညီျဖင့္ ဆႏၵျပျပည္သူမ်ားအားလူစုခြဲရန္ေျဖာင္းျဖကာ ဆုေတာင္းျခင္းျဖင့္ၿငိမ္းခ်မ္းစြာလူစုခြဲရန္သေဘာတူခဲ့ၾကၿပီး လူစုခြဲမည့္ ေနရာမေရာက္ခင္တြင္ ရဲႏွင့္တပ္မေတာ္က မ်က္ရည္ယိုဗံုး ၃ ခ်က္ျပစ္ေဖာက္ကာ လူ ၃ ဦးဖမ္းဆီးခဲ့ျခင္းျဖစ္သည္။
ရာဇသတ္ၾကီး ပုဒ္မ ၅၀၅ (က) သည္အာမခံ ေပးခြင့္မရွိေသာ ပုဒ္မျဖစ္ျပီး ေထာင္ဒဏ္ (၂) ႏွစ္အထိ က်ခံႏုိင္ျပီး ေငြဒဏ္လည္းက်ခံႏုိင္ေၾကာင္းသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.