• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

0
By Editor on May 23, 2023 Headline

(04SS)

ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသော တီးတိန်ဒေသခံ ၂ ဦး၏ မီးရှို့ခံထားရသောရုပ်အလောင်းကို ယမန်နေ့ မေလ ၂၂ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့များ စခန်းချရာနေရာတွင် မိသားစုဝင်များက တွေ့ရှိခဲ့ကြသည်ဟု သိရသည်။

အလောင်းတွေ့ရှိသည့်နေရာသည် ဟားခါးမြို့နှင့် နှီယာလ်လှောန်းရွာသစ်အနီး သီဖိုလ်လမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ စခန်းချသည့်နေရာတွင်ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် သီဖိုလ်လမ်းရှိ ၎င်းတို့တပ်စွဲထားသည့် စခန်းမှ ထွက်ခွါခဲ့ပြီးနောက် ယမန်နေ့ မေလ ၂၂ ရက် မနက်ပိုင်းတွင် မိသားစုဝင်များက ပျောက်ဆုံးသူနှစ်ဦးအား ပြန်လည်ရှာဖွေရန်သွားရောက်စဉ် မီးလောင်ကျွမ်းပြီးဖြစ်သော ရုပ်အလောင်း ၂ လောင်း တွေ့ခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“စစ်သားတွေက သူတို့စခန်းသိမ်းပြီးတော့ အဲဒီပျောက်ဆုံးသူတွေရဲ့ အမျိုးတွေက စိတ်ကျေနပ်ဖို့ နောက်ဆုံးတစ်ခေ ါက် သွားရှာရအောင်ဆိုပြီးသွားကြတာ မီးရှို့ထားတဲ့ အလောင်းနှစ်ခုတွေ့တယ်။ သူတို့ရုပ်က မပေါ်တော့ဘူး ဒါပေမဲ့ အဲဒီအမျိုးသမီးပါလာတဲ့ စီးကွင်းထိုးထားတဲ့ တီးတိန်းရိုးရာ ထဘီပါသွားတယ်လို့ပြောတယ် အဲဒီစီးကွင်းတွေက ရုပ်အလောင်းနားမှာရှိတယ်။ အဲဒါနဲ့ သူတို့က အလောင်းကို အတည်ပြုလိုက်ကြတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ကြွင်းကျန်ရုပ်အလောင်း ၂ လောင်းကို ဟားခါးမြို့ရှိ ဆွေမျိုးအိမ်တွင်သယ်လာကြပြီး ယနေ့တွင်အသုဘချ သဂြိုလ်မည်ဟုသိရသည်။

ပြီးခဲ့သည့် မေလ ၂ ရက်နေ့က တီးတိန်မြို့နေ မကျင်းဟောက်ဝုန် ၃၇ နှစ်နှင့် ဟားခါးမြို့နေ အသက် ၃၂ နှစ်အရွယ် ဦးလျန်းဇထွန်းတို့ ၂ ဦးသည် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် ဖလမ်းမြို့မှ ဟားခါးမြို့သို့ ဆိုင်ကယ်ဖြင့် ခရီးသွားခဲ့ကြရာ ချွန်ကျုံးရွာနှင့် ဟားခါးအကြား စစ်ကောင်စီစခန်းချသည့် နေရာအနီးတစ်ဝိုက်တွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

မိသားစုဝင်များမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံသော်လည်းကောင်း၊ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေစုံစမ်းကြရာတွင် မေလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များ စခန်းချရာနေရာမှ ထွက်ခွါကြပြီးနောက် ယင်းနေရာကို သွားရောက်ရှာဖွေကြရာမှာ သတ်ဖြတ်မီးရှို့ခံထားရသော မကျင်ဟောက်ဝုန်နှင့် ဦးလျန်ဇထွန်းကို ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်တောင်ပိုင်း မတူပီမြို့နယ်တွင် စကစ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုရှိ၊ မင်းတပ်-မတူပီလမ်းကို အသုံးမပြုရန် ထုတ်ပြန်

ချင်းပြည်နယ်သို့ ပြင်ပမှ ခရီးသည်များဝင်ရောက်ခွင့် CNF တားမြစ်

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.