(005MK)
မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ယနေ့ မနက်ပိုင်းက ဘိန်းဖြူ ၃ ကီလိုဂရမ်ကျော်ကို မီဇိုရမ်မူးယစ်တိုက်ဖျက်ရေးဌာနက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
မီဇိုရမ်ပြည်နယ် Excise & Narcotics မူယစ်တိုက်ဖျက်ရေးဌာနက တာ၀န်ရှိသူများသည် ယနေ့ မနက်ပိုင်း ၄ နာရီခွဲ၀န်းကျင်ခန့်တွင် အိုင်ဇောလ်မြို့ Tennis Court ရုံးအနီးတွင် ဒေသခံ ၃ ဦးထံကနေ ဆပ်ပြာဖူးခွံထဲထည့်ထားသော ခွက် (၃၀၀) ကီလိုဂရမ်အားဖြင့် ၃.၆၄၂ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်သည်။
ဘိန်းဖြူနှင့်အတူ ကျန်ဖိုင်းခရိုင် Ngur ကျေးရွာက Pu Nangzagina၊ Pu Roluahpuia နှင့် အာသံပြည်နယ်က Faizur Rahman Barbhuiya တို့ ၃ ဦးကို ဖမ်းဆီးရမိသည်ဟု ဆိုသည်။
၎င်းတို့အနေဖြင့် အဆိုပါဘိန်းဖြူများကို မြန်မာနိုင်ငံဘက်မှ သယ်လာကြပြီးနောက် အိန္ဒိယပြည်မဘက်သို့ ပို့ဆောင်ရန် စီစဉ်ထားကြသည်ဟု ဆိုသည်။