• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဘွာလ်သဲကျေးရွာက မသန်စွမ်းတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်

ဘွာလ်သဲကျေးရွာက မသန်စွမ်းတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်

0
By Editor on November 22, 2022 Headline

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဘွာလ်သဲကျေးရွာက အသက် ၅၆ နှစ်အရွယ် Pa Hau Cung Nung (မသန်စွမ်း) ကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ဘွာလ်သဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး ယင်းနေ့တွင် Pa Hau Cung Nung သည် ပျောက်ဆုံးသွားခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ဒဏ်ရာဖြင့်သေဆုံးနေသည့် သူ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“သူက မသန်စွမ်းတစ်ဦးဖြစ်တယ်၊ ဦးနှောက်ပိုင်းချိူ့ယွင်းတယ်၊ နားလည်းသိပ်မကြားဘူး၊ တိုက်ပွဲဖြစ်တဲ့ချိန်မှာ ရွာထဲမှာရှိတယ်လို့ပြောကြတယ်၊ သူက ရွာထဲကနေ ထွက်မပြေးချင်တာလို့ပြောတယ်” ဟု ဘွာလ်သဲရွာဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့သည် နိုဝင်ဘာလ ၁၅ ရက်နေ့ကစ၍ သီးဘွာလ်ကျေးရွာနှင့် ဘွာလ်သဲကျေးရွာအနီးတွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားကာ အနီးနားကျေးရွာများမှ ဒေသခံပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ထိုကဲ့သို့ ထွက်ပြေးတိမ်းရှောင်ကြသည့်အချိန်တွင် Pa Hau သည် ထွက်မပြေးဘဲ ရွာထဲတွင်ကျန်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်လုပ်ဆောင်ခဲ့သော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ကျဆုံးမှုမရှိခဲ့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဘက်က အယောက် ၃၀ ကျော် သေဆုံးခဲ့သည်ဟု CNDF က ထုတ်ပြန်ထားသည္။

Photo – The Rihli Voice

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.