• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၆ ဦးထပ်မံတွေ့ရှိ

မင်းတပ်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၆ ဦးထပ်မံတွေ့ရှိ

0
By Editor on September 29, 2020 Headline

#Unicode

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသည့် ပိုးတွေ့လူနာ ၁၆ ဦးထပ်မံတွေ့ရှိသည်ဟု မင်းတပ်မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဇော်ဝင်းနိုင်ကပြောသည်။

“မင်းတပ်မြို့မှာ ပိုးတွေ့လူနာ (၁၆) ယောက် ထပ်မံတွေ့ရှိပါတယ်၊ သူတို့က ပြည်တွင်းကနေကူးစက်တဲ့သူတွေပါ၊ အရင်တွေ့ခဲ့တဲ့ လူနာ (၃)ယောက်နဲ့ Close Contact တွေကို Quarantine ထားရာကနေ တွေ့ရှိတာပါ’’ ဟု ဒေါက်တာဇော်ဝင်းနိုင်ကပြောသည်။

ယနေ့ညတွေ့ရှိသည့် ကိုဗစ်ပိုးတွေ့လူနာ (၁၆) ဦးမှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်က တွေ့ရှိသည့် ပိုးတွေ့လူနာ (၃)ဦး၏ Close Contact များကြပြီး Quarantine ထားရာမှ ယခုလို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

မင်းတပ်မြို့နယ်ပြည်သူ့ဆေးရုံအုပ်က “အပြင်သွားရင် မတ်စ်တပ်ပါ၊ ကိုယ့်ရဲ့ ခရီးသွား ရာဇဝင်ကိုလည်း အမှန်အကန်ပြောပါလို့ ပြည်သူတွေကို ပြောချင်ပါတယ်” ဟုပြောသည်။

လက်ရှိအချိန်ထိ မင်းတပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေမှာ ယနေ့ညတွေ့ရှိသည့် ၁၆ ဦးအပါဝင် ပိုးတွေ့လူနာ ၁၉ ဦးရှိပြီဖြစ်သည်။

#Zawgyi






Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.