Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်တိုက်နယ် ၃ ကို စစ်ကောင်စီဗုံးကြဲ သားအမိ ၂ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

မင်းတပ်တိုက်နယ် ၃ ကို စစ်ကောင်စီဗုံးကြဲ သားအမိ ၂ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

0
By Editor on March 15, 2024 Headline

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် ၃ ဘက်ကို စစ်ကောင်စီက ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သားအမိ ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းရှိသည်။

ယနေ့ မတ်လ ၁၅ ရက် နေ့လယ် ၁၂ နာရီခွဲ၀န်းကျင်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် တိုက်နယ်အမှတ် ၃ ဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၆ နှစ်အရွယ် သမီးနှင့် အသက် ၄၀ အရွယ် မိခင်ဖြစ်သူတို့ သေဆုံးခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ထုတ်ပြန်သည်။

“ဒီနေ့က တိုက်ပွဲလည်း မရှိ၊ အရင်ကလို အစည်းအဝေးလည်း မရှိ၊ ဗုံးကြဲသွားတဲ့ နေရာကလည်း စာသင်ကျောင်းနဲ့ ဘုရားကျောင်းကို ကြဲသွားတယ်။ ရပ်ထဲ ရွာထဲမှာပဲ။ ဘာကြောင့် ကြဲသွားသလဲဆိုတာကို မသိရသေးဘူး။ ကြဲသွားတဲ့ နေရာက အရပ်သားပစ်မှတ်တွေပဲ။ သေဆုံးသွားသူတွေကလည်း အရပ်သားတွေပဲပါ။ ထိခိုက်ဒဏ်ရာရသူက ၄ ဦး ရှိတယ်။ ဒဏ်ရာကြီးတာက ၂ ဦးရှိတယ်။ ပျက်စီးသွားတာတွေ ဘုရားကျောင်းနဲ့ စာသင်ကျောင်းကတော့ လုံးဝကို ပျက်စီးသွားတယ်။ အိမ်ကတော့ တစစီကို ဖြစ်သွားတယ်။ ဘယ်လိုဗုံးမျိုးလည်းတော့ မသိသေးဘူး။ ဝဲလာပြီးတော့ အသွားမှာပဲ ဝင်ကြဲသွားတယ်။ ပြီးတော့ ၂ ကြိမ်၊ ၃ ကြိမ်လောက် ဝဲတယ်။ ဝဲလာပြီးမှပဲ ကြဲသွားတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေး ၂ ဦး၊ အသက်၂၈ နှစ်အရွယ် CDM ကျောင်းဆရာတစ်ဦးနှင့် အသက် ၇၀ အရွယ်ခန့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် လူနေအိမ်တစ်လုံး မီးလောင်ကာ ဘုရားကျောင်းတစ်ကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းနှင့် အခြားအဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း မင်းတပ် တိုက်နယ် ၁ ဘက်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁ ဦးနှင့် လူကြီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.