Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်တိုက်နယ် ၃ ကို စစ်ကောင်စီဗုံးကြဲ သားအမိ ၂ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

မင်းတပ်တိုက်နယ် ၃ ကို စစ်ကောင်စီဗုံးကြဲ သားအမိ ၂ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

0
By Editor on March 15, 2024 Headline

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် ၃ ဘက်ကို စစ်ကောင်စီက ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သားအမိ ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းရှိသည်။

ယနေ့ မတ်လ ၁၅ ရက် နေ့လယ် ၁၂ နာရီခွဲ၀န်းကျင်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် တိုက်နယ်အမှတ် ၃ ဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၆ နှစ်အရွယ် သမီးနှင့် အသက် ၄၀ အရွယ် မိခင်ဖြစ်သူတို့ သေဆုံးခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ထုတ်ပြန်သည်။

“ဒီနေ့က တိုက်ပွဲလည်း မရှိ၊ အရင်ကလို အစည်းအဝေးလည်း မရှိ၊ ဗုံးကြဲသွားတဲ့ နေရာကလည်း စာသင်ကျောင်းနဲ့ ဘုရားကျောင်းကို ကြဲသွားတယ်။ ရပ်ထဲ ရွာထဲမှာပဲ။ ဘာကြောင့် ကြဲသွားသလဲဆိုတာကို မသိရသေးဘူး။ ကြဲသွားတဲ့ နေရာက အရပ်သားပစ်မှတ်တွေပဲ။ သေဆုံးသွားသူတွေကလည်း အရပ်သားတွေပဲပါ။ ထိခိုက်ဒဏ်ရာရသူက ၄ ဦး ရှိတယ်။ ဒဏ်ရာကြီးတာက ၂ ဦးရှိတယ်။ ပျက်စီးသွားတာတွေ ဘုရားကျောင်းနဲ့ စာသင်ကျောင်းကတော့ လုံးဝကို ပျက်စီးသွားတယ်။ အိမ်ကတော့ တစစီကို ဖြစ်သွားတယ်။ ဘယ်လိုဗုံးမျိုးလည်းတော့ မသိသေးဘူး။ ဝဲလာပြီးတော့ အသွားမှာပဲ ဝင်ကြဲသွားတယ်။ ပြီးတော့ ၂ ကြိမ်၊ ၃ ကြိမ်လောက် ဝဲတယ်။ ဝဲလာပြီးမှပဲ ကြဲသွားတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေး ၂ ဦး၊ အသက်၂၈ နှစ်အရွယ် CDM ကျောင်းဆရာတစ်ဦးနှင့် အသက် ၇၀ အရွယ်ခန့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် လူနေအိမ်တစ်လုံး မီးလောင်ကာ ဘုရားကျောင်းတစ်ကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းနှင့် အခြားအဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း မင်းတပ် တိုက်နယ် ၁ ဘက်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁ ဦးနှင့် လူကြီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.