• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မင်းတပ်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပစ်ခတ်မှုဆက်လက်ဖြစ်ပွား

မင်းတပ်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပစ်ခတ်မှုဆက်လက်ဖြစ်ပွား

0
By Editor on April 27, 2021 Headline
#Unicode
ချင်းပြည်နယ် မင်းတပ်မြို့တွင် ယနေ့ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းစ၍ အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားနေသည်ဟုသိရသည်။
ကျောက်ထုဘက်မှ မင်းတပ်မြို့သို့ စစ်ကူအဖြစ်တက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မင်းတပ်-ကျောက်ထုအကြား ထင်ချောင်းလမ်းခွဲအနီးတွင် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်မြို့ဒေသခံတစ်ဦးကပြောသည်။
“ကျောက်ထုဘက်ကနေ စစ်ကား ၇ စီလောက် စစ်ကူတက်လာတယ် ထင်ချောင်းလမ်းခွဲအပေါ်နားလေးမှာ ဒီမနက်မှာ ပစ်ခတ်မှုထပ်ဖြစ်တယ် ခုထိဖြစ်နေတယ်လို့ကြားရတယ်’’ ဟု မင်းတပ်ဒေသခံကပြောသည်။
မင်းတပ်မြို့တွင် ယမန်နေ့ညနေပိုင်းကလည်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့ပြီး စစ်ကား ၂ စီးနှင့် ရဲကားတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
#Zawgyi
ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕တြင္ ယေန႔ဧၿပီလ ၂၇ ရက္ေန႔ နံနက္ပိုင္းစ၍ အာဏာသိမ္းစစ္ေကာင္စီႏွင့္ မင္းတပ္ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႔အၾကား အျပန္အလွန္ပစ္ခတ္မႈ ဆက္လက္ျဖစ္ပြားေနသည္ဟုသိရသည္။
ေက်ာက္ထုဘက္မွ မင္းတပ္ၿမိဳ႕သို႔ စစ္ကူအျဖစ္တက္လာေသာ စစ္ေကာင္စီတပ္ဖြဲ႔၀င္မ်ားကို မင္းတပ္-ေက်ာက္ထုအၾကား ထင္ေခ်ာင္းလမ္းခြဲအနီးတြင္ မင္းတပ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔မ်ားႏွင့္အျပန္လွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု မင္းတပ္ၿမိဳ႕ေဒသခံတစ္ဦးကေျပာသည္။
“ေက်ာက္ထုဘက္ကေန စစ္ကား ၇ စီေလာက္ စစ္ကူတက္လာတယ္ ထင္ေခ်ာင္းလမ္းခြဲအေပၚနားေလးမွာ ဒီမနက္မွာ ပစ္ခတ္မႈထပ္ျဖစ္တယ္ ခုထိျဖစ္ေနတယ္လို႔ၾကားရတယ္’’ ဟု မင္းတပ္ေဒသခံကေျပာသည္။
မင္းတပ္ၿမိဳ႕တြင္ ယမန္ေန႔ညေနပိုင္းကလည္း စစ္ေကာင္စီႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔၀င္မ်ား အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္ဖြဲ႔၀င္အနည္းဆံုး ၁၀ ဦးေသဆံုးခဲ့ၿပီး စစ္ကား ၂ စီးႏွင့္ ရဲကားတစ္စီးမီးေလာင္မႈျဖစ္ပြားခဲ့ ေၾကာင္း သိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ဦးစီးအရာရှိအဆင့် ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်က ကလေးငယ်တစ်ဦး ခြေတဖက်ပြတ်သွား

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.