Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့က နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီဗုံးကြဲ၍ ဘုရားကျောင်းတစ်ခုလုံးပျက်စီး

မင်းတပ်မြို့က နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီဗုံးကြဲ၍ ဘုရားကျောင်းတစ်ခုလုံးပျက်စီး

0
By Editor on April 14, 2025 Headline

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်ရှိ မြို့မနှစ်ခြင်းဘုရားကျောင်း (MBC) ကို စစ်ကောင်စီက ယမန်နေ့ညနေမှာ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဘုရားကျောင်းတစ်ခုလုံး ပျက်စီးသွားသည်ဟု သိရသည်။

ဧပြီလ ၁၃ ရက် သံလွင်ခက်တနင်္ဂနွေနေ့ (Palm Sunday) ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် နေပြည်တော် အေလာလေတပ်မှတက်လာသော ဂျက်ဖိုက်တာတစ်စီး က MBC ဘုရားကျောင်းကို ပြင်းအား ပေါင် ၅၀၀ ဗုံးဖြင့် အကြောင်းမဲ့ တိုက်ခိုက်သွားခြင်းဖြစ်သည်ဟု မင်းတပ်ဒေသခံ တစ်ဦးကပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကံကောင်းထောက်မစွာဖြင့် အရပ်သားသေဆုံးမှုမရှိသော်လည်း ဘုရားကျောင်းတစ်ခုလုံး ကြေမွပျက်စီးသွားသည်ဟု သိရသည်။

“ကျနော်တို့ တန်ဖိုးထားမြတ်နိုးရတဲ့ အသင်းတော်၊ ကျနော်တို့ဘုရား၌မွေ့လျော်ခဲ့ရတဲ့အသင်းတော် ကျနော်တို့ဘုရား ဂုဏ်တော်ချီးမွမ်းခဲ့တဲ့အသင်းတော်၊ ကျနော်တို့တွေအတူတူဆုတောင်းခဲ့တဲ့ အသင်းတော်၊ ကျနော်တို့တွေရပ်နီးရပ်ဝေးကတစ်ခါမှမသိမမြင်ဖူးတဲ့သူတွေနဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ရတဲ့အသင်းတော်၊ အမှတ်တရတွေနဲ့ပြည့်နေတဲ့ အသင်းတော်လေး၊ တစ်နေ့အားလုံးအတူတူ ပြန်ဆုံတွေ့မယ်လို့အားခဲထားရတဲ့နေရာလေး၊ ပျက်စီးသွားပြီ၊ နှလုံးသားတွေကြေကွဲရတယ်ဝမ်းနည်းမျက်ရည်တွေလည်းကျခဲ့ရတယ်” ဟု Mindat Baptist Church က လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။

စစ်ကောင်စီကင်းစင်ပြီဖြစ်သော မင်းတပ်မြို့တွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ် လျှက်ရှိပြီး ဧပြီလ ၉ ရက်နေ့ကလည်း မင်းတပ်မြို့အနီး ဖွီကျေးရွာကို လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ကလေးငယ်နှင့် ဘာသာရေးဆရာအပါအဝင် အရပ်သား ၆ ဦးသေဆုံးခဲ့ရသည်။

ထို့အပြင် AG ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၀ လုံးကျော်ပျက်စီးခဲ့သည်ဟုသိရသည်။

အလားတူ မင်းတပ်မြို့အနီး ကန်ပက်လက်မြို့ကိုလည်း ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးမှုရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီကင်းစင်ပြီဖြစ်သော ကန်ပက်လက်မြို့ကို ဧပြီလ ၂ ရက်နေ့တုန်းကလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာအဆောက်အအုံများအပါအဝင် လူနေအိမ် ၂၀ ကျော်ပျက်စီးခဲ့ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.