Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့တွင်းဂိတ်နှင့် ခလရ (၂၇၄) စစ်စခန်းဂိတ်တို့ကို တိုက်ခိုက်ရာ ၂ ဦးသေဆုံး

မင်းတပ်မြို့တွင်းဂိတ်နှင့် ခလရ (၂၇၄) စစ်စခန်းဂိတ်တို့ကို တိုက်ခိုက်ရာ ၂ ဦးသေဆုံး

0
By Editor on July 14, 2023 Headline

(06SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်း စစ်ဆေးရေးဂိတ်နှင့် ခလရ (၂၇၄) စစ်စခန်းဂိတ်တို့ကို ယမန်နေ့က သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီက ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ချင်းကာကွယ်ရေးတပ်-မင်းတပ်က ထုတ်ပြန်သည်။

ဇူလိုင်လ ၁၃ ရက် နံနက် ၆ နာရီမှ ၇ နာရီခွဲအထိ မင်းတပ်မြို့ ခလရ (၂၇၄) တပ်စခန်း၏ ဝင်ပေါက်ဂိတ်ရှိ စစ်ကောင်စီကင်းစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီခွဲခန့်မှ ၁၁ နာရီ ၂၀ မိနစ်အထိ မြို့တွင်း စစ်ဆေးရေးဂိတ်တစ်ခုကို သွားရောက်တိုက်ခိုက်ခဲ့သည်ဟု မင်းတပ် – CDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

“ကျနော်တို့ မြို့တွင်းကို ဝင်ရောက်စီးနင်းလာပြီး၊ ချဉ်းကပ်လာတယ်ဆိုတာကို တကယ့်တိုက်ပွဲ ဖော်ဆောင်တာမျိုးမဟုတ်ဘဲ သတိပေးတဲ့ အနေအထားမျိုး ရှိသေးတယ်။ သတိပေးတဲ့အနေအထားမှာ ကျနော်တို့က ပိုစိမ့်ဝင်လာတယ်ဆိုတာကို ပြတဲ့ ပုံစံမျိုးပေါ့နော်၊ တကယ်တမ်း ဒီထက်ကြီးမားတဲ့ တိုက်ပွဲဖော်ဆောင်မှုမျိုးလုပ်ဖို့ ပြည်သူတွေရဲ့ အခြေအနေတခုကို စောင့်ကြည့်နေတယ်” ဟု သူက ပြောသည်။

ချင်းကာကွယ်ရေးတပ်-မင်းတပ်သည် မင်းတပ်မြို့အတွင်း နေရာအများစုကို ဝင်ရောက်နေရာယူစိုးမိုးထားပြီး ပိုမိုကြီးမားတဲ့ တိုက်ပွဲများအတွက် အခြေအနေနှင့် အချိန်တစ်ခုကို စောင့်နေသည်ဟု သူက ပြောသည်။

ယမန်နေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိသော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ ယောနယ်ဘက်က စစ်ကောင်စီစစ်ကြောင်းသည် ချင်းပြည်နယ်၊ မင်းတပ်ဘက်ကို စစ်ကြောင်းထိုးလာနိုင်သောကြောင့် မင်းတပ်-ကံကြီး-ဆော လမ်းနှင့် မင်းတပ်-ကျောက်ထု လမ်းများကို အများပြည်သူ သွားလာခွင့်ပိတ်ထားကြောင်း မင်းတပ်-CDF က ထုတ်ပြန်ထားသည်။

ဇူလိုင် ၈ ရက်က မင်းတပ်မြို့နယ်၊ မရှိန်းလှော်အုပ်စု၊ ဝုမ်းခုန်ကျေးရွာရှိ ပြည်သူများနှင့် စစ်ဘေးရှာင်ပြည်သူများနေထိုင်ရာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး၊ အတွဲလိုက် ဗုံးသီး ၄ လုံး၊ ရော့ကတ်၊ ပွိုင့်ဖိုက်ကျည်များနှင့် ပစ်ခတ်တိုက်ခိုက်ရာ ကလေးငယ် တစ်ဦးနှင့် နို့တိုက်မိခင်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး တစ်ဦး ပြင်ထန်းစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.