• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့ထဲ ပစ်ခတ်မှုဖြစ်ပွား၊ စစ်ကောင်စီဘက် ၅ ဦးသေဆုံး

မင်းတပ်မြို့ထဲ ပစ်ခတ်မှုဖြစ်ပွား၊ စစ်ကောင်စီဘက် ၅ ဦးသေဆုံး

0
By Editor on June 14, 2022 Headline

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ယနေ့နံနက်ပိုင်းကစ၍ စစ်ကောင်စီတပ်နှင့် CDF-မင်းတပ်တို့အကြား မြို့တွင်းပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၅ ဦးခန့် သေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသော မင်းတပ်မြို့ဝင်ဂိတ်ကို ယနေ့နံနက်ပိုင်း ၇ နာရီခန့်က CDF-မင်းတပ်က သွားရောက်ပစ်ခတ်ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကူရန်လာကြသော စစ်ကောင်စီတပ်ဖွဲ့ကို လဝကရုံးနားမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CDF-မင်းတပ်က သတင်းထုတ်ပြန်သည်။

ထို့နောက် နံနက်ပိုင်း ၉ နာရီခွဲ ဝန်းကျင်ခန့်တွင် စစ်ကောင်စီနှင့် CDF-မင်းတပ်တို့ ပစ်ခတ်မှုဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရရှိသည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုဖြစ်ပွားပြီးနောက် မင်းတပ်မြို့ပေါ်အခြေစိုက် (၂၇၄) တပ်နှင့် ကျောက်ထုအမြောက်တပ်တို့မှ လက်နက်ကြီးဖြင့် ၉ ကြိမ်ခန့်ပစ်ကူကြရာ ၂ လုံးမှာ ဘောင်ထဲကျေးရွာအနီး တောင်ယာတဝိုက်တွင် ကျရောက်ခဲ့ပြီး အပျက်အစီးရှိ/မရှိ စုံစမ်းလျှက်ရှိကြောင်း CDF-မင်းတပ်က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.