Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့ထဲ ပစ်ခတ်မှုဖြစ်ပွား၊ စစ်ကောင်စီဘက် ၅ ဦးသေဆုံး

မင်းတပ်မြို့ထဲ ပစ်ခတ်မှုဖြစ်ပွား၊ စစ်ကောင်စီဘက် ၅ ဦးသေဆုံး

0
By Editor on June 14, 2022 Headline

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ယနေ့နံနက်ပိုင်းကစ၍ စစ်ကောင်စီတပ်နှင့် CDF-မင်းတပ်တို့အကြား မြို့တွင်းပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၅ ဦးခန့် သေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသော မင်းတပ်မြို့ဝင်ဂိတ်ကို ယနေ့နံနက်ပိုင်း ၇ နာရီခန့်က CDF-မင်းတပ်က သွားရောက်ပစ်ခတ်ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကူရန်လာကြသော စစ်ကောင်စီတပ်ဖွဲ့ကို လဝကရုံးနားမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CDF-မင်းတပ်က သတင်းထုတ်ပြန်သည်။

ထို့နောက် နံနက်ပိုင်း ၉ နာရီခွဲ ဝန်းကျင်ခန့်တွင် စစ်ကောင်စီနှင့် CDF-မင်းတပ်တို့ ပစ်ခတ်မှုဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရရှိသည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုဖြစ်ပွားပြီးနောက် မင်းတပ်မြို့ပေါ်အခြေစိုက် (၂၇၄) တပ်နှင့် ကျောက်ထုအမြောက်တပ်တို့မှ လက်နက်ကြီးဖြင့် ၉ ကြိမ်ခန့်ပစ်ကူကြရာ ၂ လုံးမှာ ဘောင်ထဲကျေးရွာအနီး တောင်ယာတဝိုက်တွင် ကျရောက်ခဲ့ပြီး အပျက်အစီးရှိ/မရှိ စုံစမ်းလျှက်ရှိကြောင်း CDF-မင်းတပ်က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်ဘက်ကဒေသခံများ အကူအညီလိုအပ်နေ

တွန်းဇံက စစ်ဘေးရှောင်ထောင်ချီ ဆေးဝါးအပါအဝင် လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေ

ကလေးမြို့တွင် ခိုးဆိုးလုယက်မှုကျူးလွန်သည် စစ်သား ၃ ဦးကို ရဲကအရေးမယူဘဲ ပြန်လွှတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 8, 2026

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

July 8, 2026

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်ဘက်ကဒေသခံများ အကူအညီလိုအပ်နေ

July 7, 2026

တွန်းဇံက စစ်ဘေးရှောင်ထောင်ချီ ဆေးဝါးအပါအဝင် လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေ

July 7, 2026

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.