Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်
ပုံစာ - ဧပြီလ ၂ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံရသော အောက်ချိုင့်ကျေးရွာ

မင်းတပ်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

0
By Editor on April 18, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၃ ထဲက အောက်ချိုင့်ကျေးရွာကို စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး အပါအဝင် လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ပြုလုပ်ပြီး ၂ ပတ်အကြာတွင် ယမန်နေ့က ဂျက်ဖိုက်တာ ၂ စီးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီလ ၁၇ ရက် ညပိုင်း ၉ နာရီခန့်တွင် တိုက်နယ် ၁၃၊ အောက်ချိုင့်ကျေးရွာအနီးဝန်းကျင်ကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်သွားခဲ့ကြောင်း မင်းတပ်မြို့ဒေသခံက ပြောသည်။

“ဘယ်လိုကြောင့် တိုက်ခိုက်သလဲတော့ အတိအကျမသိဘူး။ အဲဒီမှာ တိုက်ပွဲလည်း မရှိဘူး။ တိုက်ခိုက်သွားတာက ရွာအနားဝန်းကျင်ကိုပါ။ ရွာထဲကို မကျဘူး” ဟု မင်းတပ်ဒေသခံက ပြောသည်။

ယင်းကြောင့် အရပ်သားပြည်သူများနှင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

အောက်ချိုင့်ကျေးရွာသည် ပြီးခဲ့သည့် ဧပြီလ ၂ ရက် မွန်းလွဲ ၃ နာရီခန့်ကလည်း စစ်ကောင်စီက တိုက်လေယာဉ် ၃ စီးဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများအပါအဝင် ဗုံးကြဲတိုက်ခိုက်မှု ၁၀ ကြိမ်ခန့်ပြုလုပ်ခဲ့ပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး တစ်ဦးမှာ ခြေတစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း၊ စာသင်ကျောင်းအပါအဝင် နေအိမ် ၁၀ လုံး ပျက်စီးခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် ရွာပတ်ဝန်းကျင်မှာ တောမီးများ ၂ ရက်ကျော်ကြာ လောင်ကျွမ်းနေခဲ့ကြောင်း သိရသည်။

တိုက်နယ် ၁၃ ထဲက အောက်ချိုင်ရွာသည် မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့နှင့် ဆက်စပ်နေသော ဒေသထဲတွင် တည်ရှိနေကြောင်း သိရသည်။

ဧပြီလ ၁၇ ရက်ကလည်း မင်းတပ်မြို့ ခလရ – ၂၇၄ တပ်ရင်းက မင်းတပ်မြို့ပေါ်က ၂ နေရာကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာများရရှိပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှင့် Cluster ဗုံး အပါအဝင် လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်မှာ ၃ လအတွင်း ပြည်သူ ၁၀ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း CDF – မင်းတပ်က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.