Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်
ပုံစာ - ဧပြီလ ၂ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံရသော အောက်ချိုင့်ကျေးရွာ

မင်းတပ်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

0
By Editor on April 18, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၃ ထဲက အောက်ချိုင့်ကျေးရွာကို စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး အပါအဝင် လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ပြုလုပ်ပြီး ၂ ပတ်အကြာတွင် ယမန်နေ့က ဂျက်ဖိုက်တာ ၂ စီးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီလ ၁၇ ရက် ညပိုင်း ၉ နာရီခန့်တွင် တိုက်နယ် ၁၃၊ အောက်ချိုင့်ကျေးရွာအနီးဝန်းကျင်ကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်သွားခဲ့ကြောင်း မင်းတပ်မြို့ဒေသခံက ပြောသည်။

“ဘယ်လိုကြောင့် တိုက်ခိုက်သလဲတော့ အတိအကျမသိဘူး။ အဲဒီမှာ တိုက်ပွဲလည်း မရှိဘူး။ တိုက်ခိုက်သွားတာက ရွာအနားဝန်းကျင်ကိုပါ။ ရွာထဲကို မကျဘူး” ဟု မင်းတပ်ဒေသခံက ပြောသည်။

ယင်းကြောင့် အရပ်သားပြည်သူများနှင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

အောက်ချိုင့်ကျေးရွာသည် ပြီးခဲ့သည့် ဧပြီလ ၂ ရက် မွန်းလွဲ ၃ နာရီခန့်ကလည်း စစ်ကောင်စီက တိုက်လေယာဉ် ၃ စီးဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများအပါအဝင် ဗုံးကြဲတိုက်ခိုက်မှု ၁၀ ကြိမ်ခန့်ပြုလုပ်ခဲ့ပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး တစ်ဦးမှာ ခြေတစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း၊ စာသင်ကျောင်းအပါအဝင် နေအိမ် ၁၀ လုံး ပျက်စီးခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် ရွာပတ်ဝန်းကျင်မှာ တောမီးများ ၂ ရက်ကျော်ကြာ လောင်ကျွမ်းနေခဲ့ကြောင်း သိရသည်။

တိုက်နယ် ၁၃ ထဲက အောက်ချိုင်ရွာသည် မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့နှင့် ဆက်စပ်နေသော ဒေသထဲတွင် တည်ရှိနေကြောင်း သိရသည်။

ဧပြီလ ၁၇ ရက်ကလည်း မင်းတပ်မြို့ ခလရ – ၂၇၄ တပ်ရင်းက မင်းတပ်မြို့ပေါ်က ၂ နေရာကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာများရရှိပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှင့် Cluster ဗုံး အပါအဝင် လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်မှာ ၃ လအတွင်း ပြည်သူ ၁၀ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း CDF – မင်းတပ်က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.