Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံး
ပုံစာ - မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်း

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံး

0
By Editor on March 1, 2023 Headline

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အမ်လောင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီး နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦးနဲ့ CDF-Mindat ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းကနေ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တိုက်နယ်အမှတ် (၄) ဘက်ကို လက်နက်ကြီးပစ်ခတ်ကာ အမ်လောင်းကျေးရွာက နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ရှင်လင်မယားနဲ့ သူတို့သားလေးအပါအဝင် CDF-Mindat ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့တာလို့ CDF-Mindat တပ်ဖွဲ့က ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

“အမ်လောင်းရွာမှာ စစ်ဘေးရှောင်ကိစ္စတွေဆွေးနွေးကြတာပေါ့နော စုဝေးနေကြတဲ့အချိန်ပေါ့လေ အဲဒီ CDF ရဲဘော်တစ်ယောက်ကလည်းရောက်နေတာပေါ့နော် သူက အုပ်ချုပ်ရေးပိုင်း စစ်ဘေးရှောင်ပိုင်းကို ကူပါတယ် သူလည်းအဲဒီမှာရှိနေတယ် ရွာကလူတွေလည်းအဲဒီမှာစုစည်းကြတယ် စစ်ဘေးရှောင်ဒေတာတွေကောက်တာရော၊ ရပ်ထဲရွာထဲကဟာတွေကော ဆွေးနွေးကြတာပေါ့ အဲဒီဆွေးနွေးနေတဲ့အိမ်ပေါ်ကိုပေါ့နော လက်နက်ကြီး ကျတာပေါ့လေ စကစ ၂၇၄ က လှမ်းပစ်တဲ့ဟာဝစ်ဇာ လက်နက်ကြီးကျပြီး အိမ်ရှင်လင်မယားရယ် သူ့သားလေးရယ် အဲဒီရဲဘော်ရယ် ကျဆုံးခဲ့တာပါ” လို့ CDF-Mindat ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီလက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦးနဲ့ အခြားဒေသခံ ၂ ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့သိရပါတယ်။

လက်နက်ကြီးကျည်ထိမှန်ပြီး ကျဆုံးခဲ့ရသော CDF-Mindat ရဲဘော်မှာ ဆလိုင်းဘီလီအောင်ထန်းဖြစ်ပြီး ယခင် စစ်အာဏာမသိမ်းခင်က မင်းတပ်မြို့မှာ ခရစ်ယာန်သင်းအုပ်ဆရာ တစ်ဦးဖြစ်ပြီး အာဏသိမ်းပြီးနောက်ပိုင်းမှာ CDF-Mindat တပ်ထံ ဝင်ရောက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ခလရ (၂၇၄) တပ်ရင်းဟာ မင်းတပ်မြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီး မကြာခဏပစ်ခတ်လေ့ရှိပြီး ကျေးရွာအတွင်းရှိ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့မှုတွေရှိသလို လူထိခိုက်သေဆုံးမှုလည်း မကြာခဏရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေမှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားဆဲဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝ၊ သူဌေးကုန်းရွာအနီး လေကြောင်းတိုက်ခိုက်မှု ကလေးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် လူ ၁၂ ဦးအစုအပြုံလိုက်သေဆုံး

လူသစ်မှတ်ပုံတင်ခြင်းနှင့် စာရွက်စာတမ်းဆိုင်ရာ လုပ်ငန်းများ ရပ်ဆိုင်းပြီဟု UNHCR – မလေးရှား ကြေညာ

CPU/ CPA ကို အိမ်နီးနားချင်းမိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ညီရင်းအစ်ကိုကောင်း စိတ်ဓါတ်ဖြင့် ကူညီပံ့ပိုးမည်ဟု ULA/ AA ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 18, 2026

ပလက်ဝ၊ သူဌေးကုန်းရွာအနီး လေကြောင်းတိုက်ခိုက်မှု ကလေးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် လူ ၁၂ ဦးအစုအပြုံလိုက်သေဆုံး

November 18, 2026

လူသစ်မှတ်ပုံတင်ခြင်းနှင့် စာရွက်စာတမ်းဆိုင်ရာ လုပ်ငန်းများ ရပ်ဆိုင်းပြီဟု UNHCR – မလေးရှား ကြေညာ

November 18, 2026

ချင်းပြည်သူ့အစည်းအရုံး CPU/CPA နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များ တွေ့ဆုံ

November 17, 2026

CPU/ CPA ကို အိမ်နီးနားချင်းမိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ညီရင်းအစ်ကိုကောင်း စိတ်ဓါတ်ဖြင့် ကူညီပံ့ပိုးမည်ဟု ULA/ AA ပြော

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.