Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လူသစ်မှတ်ပုံတင်ခြင်းနှင့် စာရွက်စာတမ်းဆိုင်ရာ လုပ်ငန်းများ ရပ်ဆိုင်းပြီဟု UNHCR – မလေးရှား ကြေညာ

လူသစ်မှတ်ပုံတင်ခြင်းနှင့် စာရွက်စာတမ်းဆိုင်ရာ လုပ်ငန်းများ ရပ်ဆိုင်းပြီဟု UNHCR – မလေးရှား ကြေညာ

0
By Editor on November 18, 2026 Headline

(006SV)

UNHCR – မလေးရှားရုံးသည် ဒုက္ခသည်များနှင့် ခိုလှုံခွင့် လျှောက်ထားသူများကို မှတ်ပုံတင်ခြင်းနှင့် စာရွက်စာတမ်း ထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းများကို ယနေ့ နိုဝင်ဘာလ ၁၈ ရက်မှ စတင်၍ ရပ်ဆိုင်းပြီဖြစ်ကြောင်း UNHCR – မလေးရှားက ကြေညာသည်။

ဒုက္ခသည်များနှင့် ခိုလှုံခွင့် လျှောက်ထားသူများ၏ မှတ်ပုံတင်ခြင်း လုပ်ငန်းကို မလေးရှားအစိုးရ၏ ဦးဆောင်သော မှတ်ပုံတင်ရေးအစီအစဉ် အောက်တွင်သာ ဆောင်ရွက်မည်ဟူသော မလေးရှားအစိုးရ၏ ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း UNHCR ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

“ကျနော် နားလည်တာက အစိုးရဘက်က ဖိအားတွေ များတယ်ဆိုတာ သေချာတယ်ပေါ့နော်။ အစိုးရဘက်ကနေ ဖိအားပေးထားတာ ကြာပြီ။ ကတ်တွေကို မပေးဖို့အတွက်ပေါ့နော်။ အခုက သူတို့ကလည်း ဒီလို လုပ်လာတော့ ဒါပေမဲ့ ရုတ်တရက်ကြီးတော့ ဖြစ်သွားတာပေါ့နော်။ ဘယ်လိုကြောင့်လဲက အသေးစိတ်က မနက်ဖြန်မှပဲ ကျနော်တို့ သိရမယ်။ UN ကနေ မနက်ဖြန် အဖွဲ့အစည်းတွေကို အစည်းအဝေး ခေါ်ထားတယ်။ အဲဒီမှာ ရှင်းပြမယ်ထင်ပါတယ်” ဟု Alliance of Chin Refugees အဖွဲ့ ဥက္ကဌ James Bawi Thang Bik က ပြောသည်။

ပုံစံမျိုးစုံဖြင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ချင်းအပါအဝင် မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ ကိုယ်ရေး အချက်အလက်နှင့် အထောက်အထားများ၊ မလေးရှားအစိုးရထံ ပေးရမည့်ကို စိုးရိမ်းပူပင်မှု ရှိသည်ဟု သိရသည်။

ဒုက္ခသည်များနှင့် ခိုလှုံခွင့် လျှောက်ထားသူများနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုစနစ်ကို မလေးရှားအစိုးရ၏ ဦးဆောင်မှုဖြင့် ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်မှုကို အပြည့်အဝထောက်ခံပါသည်ဟု UNHCR က ထုတ်ပြန်သည်။

ဒုက္ခသည်များ၏ အကာအကွယ်နှင့် အခွင့်အရေးများ ဆက်လက်ရရှိစေရန်အတွက် လုပ်ငန်းစဉ်များကို သက်ဆိုင်သူများ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး ကူးပြောင်းနိုင်ရန် ရည်ရွယ်သော လုပ်ငန်းစဉ် ကူးပြောင်းရေး လမ်းပြမြေပုံနှင့်ပတ်သက်၍ မလေးရှားအစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်သည်ဟု သိရသည်။

လုပ်ငန်းစဉ်တစ်လျှောက်တွင် မိတ်ဖက်အဖွဲ့အစည်းတစ်ခုအဖြစ် နည်းပညာဆိုင်ရာ အကြံပေးခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ခြင်းအတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေကြောင်း UNHCR ထံမှ သိရသည်။

မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ အခြားသော လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းတို့တွင် တတိယနိုင်ငံသို့ ပြန်လည်အခြေချနေထိုင်ခွင့်ဆိုင်ရာ လုပ်ငန်းများနှင့် အရေးပေါ် အကာအကွယ်လိုအပ်နေသော ဒုက္ခသည်နှင့် ခိုလှုံခွင့်လျှောက်ထားသူများကို ကူညီပံ့ပိုးပေးခြင်းတို့ ပါဝင်သည်ဟု သိရသည်။

UNHCR သည် လက်ရှိမှာ ဒုက္ခသည်လူသစ်များနှင့်ပတ်သက်၍ မှတ်ပုံတင်ခြင်းကို ယာယီရပ်ဆိုင်းထားသော်လည်း အခြားဝန်ဆောင်မှုများကို ရပ်ဆိုင်းထားခြင်း မရှိဘဲ ပုံမှန်လည်ပတ်နေကြောင်း သိရသည်။

ဓါတ်ပုံ – Ai Lwin

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝ၊ သူဌေးကုန်းရွာအနီး လေကြောင်းတိုက်ခိုက်မှု ကလေးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် လူ ၁၂ ဦးအစုအပြုံလိုက်သေဆုံး

CPU/ CPA ကို အိမ်နီးနားချင်းမိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ညီရင်းအစ်ကိုကောင်း စိတ်ဓါတ်ဖြင့် ကူညီပံ့ပိုးမည်ဟု ULA/ AA ပြော

စစ်ရေးနှင့် နိုင်ငံရေးကို မဟာမိတ်အင်အားစုများနှင့် လက်တွဲ၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်မည်ဟု CPU/ CPA ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 18, 2026

ပလက်ဝ၊ သူဌေးကုန်းရွာအနီး လေကြောင်းတိုက်ခိုက်မှု ကလေးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် လူ ၁၂ ဦးအစုအပြုံလိုက်သေဆုံး

November 18, 2026

လူသစ်မှတ်ပုံတင်ခြင်းနှင့် စာရွက်စာတမ်းဆိုင်ရာ လုပ်ငန်းများ ရပ်ဆိုင်းပြီဟု UNHCR – မလေးရှား ကြေညာ

November 18, 2026

ချင်းပြည်သူ့အစည်းအရုံး CPU/CPA နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များ တွေ့ဆုံ

November 17, 2026

CPU/ CPA ကို အိမ်နီးနားချင်းမိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ညီရင်းအစ်ကိုကောင်း စိတ်ဓါတ်ဖြင့် ကူညီပံ့ပိုးမည်ဟု ULA/ AA ပြော

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.