• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင်စစ်ဘေးရှောင်များကူညီရေးအတွက် မီဇိုရမ်ဝန်ကြီးချုပ်ထံ ရူပီး ၃ သိန်းလှူဒါန်း

မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင်စစ်ဘေးရှောင်များကူညီရေးအတွက် မီဇိုရမ်ဝန်ကြီးချုပ်ထံ ရူပီး ၃ သိန်းလှူဒါန်း

0
By Editor on May 23, 2023 Khonumthung

(05MK)

မဏိပူရ်ပြည်နယ်အတွင်းဖြစ်ပွားနေသော လူမျိုးရေးပဋိပက္ခကြောင့် ဒုက္ခရောက်နေကြ သော ချင်းအနွယ်ဝင် (Zohnahthlak) စစ်ဘေးရှောင်များအတွက် လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန် ရူပီးငွေ ၃ သိန်းကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ထံ အမေရိကန်အခြေစိုက် Hope for Tomorrow နှင့် Pu Dawthnin Thang မိသားစုတို့က ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

Hope for Tomorrow အဖွဲ့မှ ဦးဆောင်သူ Pu Justin Thang နှင့်အဖွဲ့တို့သည် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါကို ယနေ့မနက်ပိုင်းက သူ၏ ရုံးခန်းတွင်သွားရောက်တွေ့ဆုံခဲ့ကြပြီး မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင် စစ်ဘေးရှောင်များကူညီရေးတွင် အသုံးပြုနိုင်ရန် ရူပီးငွေ ၃ သိန်းပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်ပြည်နယ် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ယခုကဲ့သို့ ဒုက္ခရောက်နေကြသော ချင်းအနွယ်ဝင်များအတွက် လှူဒါန်းသည့်အပေါ် များစွာလေးစားဝမ်းသာကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။

မေလ ၃ ရက်နေ့ကစတင်သော မဏိပူရ်ပြည်နယ်က လူများစု ကသည်းလူမျိုးနှင့် လူနည်းစုတောင်တန်းသားများ အကြားဖြစ်ပွားသော ပဋိပက္ခအဓိကရုဏ်းကြောင့် မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင်များသည် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလုံလာခဲ့ကြပြီး ယခုလက်ရှိတွင် စစ်ဘေးရှောင်ဦးရေ တစ်သောင်းနီးပါးထိရှိပြီဟုသိရသည်။

အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်သော Hope for Tomorrow အဖွဲ့သည် မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေး ရှောင်များကူညီရေးအတွက်ရောက်ရှိလာခြင်းဖြစ်ပြီး ယခုလက်ရှိတွင် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ မြန်မာစစ်ဘေးရှောင်များနေထိုင်သော စစ်ဘေးရှောင်စခန်းတွင် ကျောင်းဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

ယနေ့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံမှုတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင် ဆလိုင်းလျန်လွယ်၊ ချင်းအဆိုတော် Benjamin Sum နှင့် Mizo Zirlai Pawl (MZP) က ခေါင်းဆောင်များလည်းပါဝင်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီလက်အောက် ချင်းပြည်နယ် ၁၀ တန်းအောင်ချက် မကြုံစဖူး မြင့်တက်

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.