Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့က ဗိုလ်မှုးအသတ်ခံရမှုကြောင့် ဖမ်းဆီးခံရသော ပြည်သူ (၆) ဦးအနက် နှစ်ဦးပြန်လွတ်လာ

မတူပီမြို့က ဗိုလ်မှုးအသတ်ခံရမှုကြောင့် ဖမ်းဆီးခံရသော ပြည်သူ (၆) ဦးအနက် နှစ်ဦးပြန်လွတ်လာ

0
By Editor on July 20, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ အခြေစိုက် ခလရ (၁၄၀) မှ ဗိုလ်မှုးသန်းနိုင်ဝင်းအသတ်ခံရမှုနှင့်ပတ်သက်၍ စစ် ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် ပြည်သူ ၆ ဦးအနက် ၂ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဟုသိရသည်။

မတူပီမြို့အတွင်းရှိ တပ်တွင်း CDM ပြုလုပ်လိုသူများနှင့် မတူပီမြို့နယ်အတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို အထူးစောင့်ကြည့်ထုတ်ဖော်နေသည့် ဗိုမှူးသန်းနိုင်ဝင်းကို ဇူလိုင်လ ၁၅ ရက်နေ့က CDF-Matupi တပ်ဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အခင်းဖြစ်ပွားသည့် အနီးနာတွင်နေထိုင်သော ဒေသခံရွာသား ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သန်းနိုင်ဝင်းရဲ့ အသတ်ခံတဲ့အနီးအနားမှာရှိတဲ့ လူပဲဖမ်းတယ်။ အဓိက မင်္သကာလို့ဖမ်းတာပေါ့။ သူတို့ ၆ ဦးအနက်မှာ နှစ်ဦးကတော့မေးမြန်းပြီးတော့ ပြန်လွတ်လာတယ်လို့ပြောတယ်။ အခုလေးဦးကတော့ မလွတ်သေးဘူး သူတို့ကိုအခု လောလောဆယ် တပ်တွင်းမှာထားတယ်လို့ သတင်းရထားတယ်။ ပြီးတော့ နောက်ဆက်တွဲ အခု သူတို့နဲ့ပက်သက်လာတဲ့ လူတွေလည်း စစ်တပ်က စုံစမ်းနေတုန်း။” ဟု CDF- Matupi မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ဗျူဟာထောက်လှန်းရေးတစ်ဦးလည်းဖြစ်သော ဗိုလ်မှူးသန်းနိုင်ဝင်း၏ သတင်းပေးမှုကြောင့် CDM ပြုလုပ်ရန်ကြံစည်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦး သတ်ဖြတ်ခံရပြီး (၄) ဦးထောင်သွင်းအကျဉ်းချခံရသည့်အပြင် ဇွန်လ ၂၅ ရက်နေ့က မတူပီမြို့နေ အမျိုးသမီးတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့ဖူးသူလည်းဖြစ်သည်ဟု CDF-Matupi က ထုတ်ပြန်ထားသည်။

ထို့ကြောင့် CDF-Matupi တပ်ဖွဲ့က ဗိုလ်မှူးသန်းနိုင်ဝင်းကို မတူပီမြို့အပြင်ဘက်ကို မျှားခေါ်ခဲ့ပြီးနောက် ဇူလိုင် ၁၅ ရက်နေ့က ရှင်းလင်းသုတ်သင်ခဲ့ကြသည်ဟု CDF-Matupi မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဖမ်းဆီးခံရသူများမှာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ဖြစ်ကြပြီး စစ်ကောင်စီမှ ပြန်လွတ်ပေးသော နှစ်ဦးမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.