• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

0
By Editor on May 16, 2022 Headline

ချင်းပြည်နယ်၊ မတူပီမြို့နယ် အိုင်ဒပ်တောင်ကြောမှ စစ်ဘေးရှောင်နေကြသည့် ပြည်သူများ သည် စားနပ်ရိက္ခာနှင့် ဆေးဝါးများလုံလောက်မှုမရှိခြင်းကြောင့် အခက်အခဲများကြုံနေကြပြီး ကူညီထော က်ပံ့မှုလို အပ်နေကြသည်ဟု အိုင်ဒပ်နယ်မြေမှ စစ်ဘေးရှောင်ကူညီပေးနေသူ တစ်ဦးက ပြောသည်။

“သူတို့အတွက်လိုအပ်ချက်က စားနပ်ရိက္ခာရယ်၊ ဆေးဝါးရယ်၊ ပြီးတော့ ဆေးဝါးကျွမ်းကျင်တဲ့ဆရာ၊မ တွေကို လိုချင်တယ်။ ပြီးတော့ အဓိက မိုးကာရယ်၊ စောင်၊ဖြစ်နိုင်ရင်တော့ ခြင်ထောင်ကအစလိုချင်တယ် အခုက မိုးရာသီ ဆိုတော့။ ပထမစစ်ကြောင်းတုန်းက ထွက်ပြေးတာရော၊ အခုရောဆိုတော့ ဘယ်သူကမှ ဘာပစ္စည်း တစ်ခုမှ တောတောင်ထဲကို မသယ်နိုင်တော့ဘူး စစ်သားတွေက အကုန်လုံး ခိုးသွားကြပြီ ကျွန်တော်တို့မှာ ခက်ခက်ခဲခဲ တအားဖြစ်နေတယ်” ဟု အိုင်ဒပ်နယ်မြေမှ စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်ပြီး CDF-Matupi နှင့် စစ်ကောင်စီတပ်များအကြားဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မင်းတပ်-မတူပီလမ်းတစ်လျှောက် နှင့် အိုင်ဒပ်တောင်ကြောတွင်ရှိသော ကျေးရွာနေပြည်သူ များ တောထဲတောင်ထဲ စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

စစ်ဘေးရှောင်ပြည်သူများသည် စစ်ရှောင်နေရင်း ဆေးဝါးမလုံလောက်မှုကြောင့် ၈ နှစ်အရွ ယ်ကလေးတစ်ဦး အပါအဝင် ပြည်သူ ၆ ဦးအထိသေဆုံးမှုလည်းယခင်ကရှိခဲ့ပြီး လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများသည် နေထိုင် စားသောက်ရေးအတွက် အခက်ခဲဆုံးအခြေအနေရောက်နေကြသည်ဟု အိုင်ဒပ်နယ်မြေမှ စစ်ဘေးရှောင်ကူညီပေးနေသူ တစ်ဦး က ဆက်ပြောသည်။

“အခုလောလောဆယ် စစ်ဘေးရှောင်တွေက စားရေးသောက်ရေးက အဆင်ပြေတဲ့အနေအထားက လုံးဝမ ရှိဘူး။ အခုချိန်ထိ ရန်ပုံငွေလည်းမရှိဘူးဆိုတော့ ထောက်ပံ့လို့မရဘူး။ တစ်ယောက်နဲ့တယောက်ရှိတာလေးနဲ့ မျှပြီးစားသောက်နေကြရတာ သူတို့စားသောက်ဖို့က ဒီတပတ်အတွက်က နည်းနည်းရှိရင်ရှိမှာ နောက်လာမည့် အပတ်ဆိုရင်တော့ လုံးဝမစဉ်းစားနိုင်ဘူး” ဟု သူကပြောသည်။

ချင်းပြည်နယ်တောင်ပို်င်းတွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည်မှာ သုံးကြိမ်ခန့်ရှိလာပြီဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့များစစ်ကြောင်းချီလာသည့် လမ်းတလျောက်တွင်ရှိသော ကျေးရွာ လူနေအိမ်များ မီးရဖျက်ဆီးခဲ့သောကြောင့် စစ်ဘေးရှောင်များသည် နေရပ်ပြန်ရန်ပြင် ခက်ခဲနေသည်ဟု သိရသည်။

မတူပီမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေရသည််နယ်မြေဧရိယာ (၄) ခုရှိပြီး အိုင်ဒါပ်ဧရိယာတွင် ခြန်းပြန်း(က)၊ (ခ)၊ ရမ်တိန်းကျေးရွာ၊ မွှန်တုန်ကျေးရွာ၊ ဟာလ်တူးကျေးတို့မှ စစ်ဘေးရှောင်လူဦးရေ (၁၃၇၀) ခန့်ရှိကြောင်း စစ်ဘေးအရေးကူညီပေးနေသူများထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.