• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မတူပီမြို့နယ်ပညာရေးမှူး ဦးတင်လွေးကို CDF-Matupi က ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်

မတူပီမြို့နယ်ပညာရေးမှူး ဦးတင်လွေးကို CDF-Matupi က ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်

0
By Editor on October 18, 2022 Khonumthung

ချင်းပြည်နယ် မတူပီမြို့ မြို့နယ်ပညာရေးမှူး ဦးတင်လွေးကို CDF-Matupi တပ်ဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် CDF-Matupi က ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။

ဦးတင်လွေးသည် အောက်တိုဘာလ ၁၆ ရက်ညက မတူပီမြို့က နေအိမ်တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

CDF-Matupi ၏ ရှင်းလင်းချက်တွင် ဦးတင်လွေးသည် စစ်ကောင်စီ၏ ပညာရေးယန္တရားကို အဓိကလည်ပတ်စေသည့် Non-CDM တစ်ဦးဖြစ်ပြီး CDM သမားများကို အမျိုးမျိုးခြိမ်းခြောက်ကာ Non-CDM ပြန်လည်ပြုလုပ်ကြရန် ဖိအားပေးခြင်း၊ CDM စာရင်းများကို စစ်ကောင်စီထံပေးပို့ခြင်း အချိူ့သော CDM သမားများ၏စာရင်းကို လျှိ့ဝှက်ပြီး စစ်ကောင်စီအငြိမ်းစား ဗိုလ်မှူးဝင်းနိုင်နှင့် ပူးပေါင်းကာ CDM သမားများ၏ လစာကိုထုတ်ယူကြောင်း ဖော်ပြသည်။

CDF-Matupi အနေဖြင့် ဦးတင်လွေးကို စာအားဖြင့် ၃ ကြိမ်၊ နှုတ်အားဖြင့် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လုံးဝလိုက်နာခြင်းမရှိပဲ CDF-Matupi ကို ပြန်လည်ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

CDF-Matupi ၏ အသိပေးထုတ်ပြန်ချက်များဖြစ်သည့် ကြေညာချက်စာအမှတ် (၂/၂၂) နှင့် စာအမှတ် (၄/၂၂) အရ ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ စစ်အာဏာရှင်စနစ်ဖြိုခွင်းရာတွင် စစ်ကောင်စီ၏ အဓိကထောက်တိုင်အဖြစ် ရပ်တည်သူဖြစ်သည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု CDF-Matupi ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.