• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့နယ် ဝေတူးကျေးရွာ ပြည်သူအားလုံးနီးပါးထွက်ပြေးတိမ်းရှောင်နေကြရ

မတူပီမြို့နယ် ဝေတူးကျေးရွာ ပြည်သူအားလုံးနီးပါးထွက်ပြေးတိမ်းရှောင်နေကြရ

0
By Editor on March 31, 2022 Headline

မတူပီမြို့နယ်၊ ဝေတူးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ အင်အားဖြည့်တင်းမှုများရှိနေသောကြောင့် မတ်လ ၂၈ ရက်နေ့မှစတင်ပြီး ကျေးရွာနေပြည်သူ အားလုံးနီးပါး လွတ်မြောက်နယ်မြေနှင့် အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

“လောလောဆယ်တော့ ဝေတူးရွာက ပြည်သူတွေမရှိသလောက်ဖြစ်နေပြီ။သူတို့လည်း ပြီးခဲ့တဲ့အခေါက်က အဖမ်းအဆီးလေးရှိနေတော့ နောက်တွဲ နည်းနည်းစိုးရိမ်လို့ ရွာလုံးကျွတ်တိမ်းရှောင်တယ်လို့သတင်းရတယ်။ နီးစပ်တဲ့ကျေးရွာနဲ့ ပူးပေါင်းတာရှိသလို တချို့တွေကလည်း လွတ်မြောက်နယ်မြေဖက်ကို တိမ်းရှောင်တဲ့ အခြေအနေဖြစ်နေတယ်။” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောသည်။

ဝေတူးကျေးရွာသို့ မတ်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့်က နယ်မြေရှင်း လင်းရေး ပြုလုပ်ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲချက်ဖြင့် ပြည်သူများကို ဖမ်း ဆီခြင်းနှင့် ပြည််သူများ၏ ဖုန်း ၂၄ လုံးကိုလည်း သိမ်းယူခဲ့သောဖြစ်စဉ်များကြောင့် ဒေသခံပြည်သူများ ရွာထဲသို့မနေရဲကြ တော့ပဲ ထွက်ပြေကြခြင်းဖြစ်သည်။

မတူပီမြို့နှင့် ၅ မိုင်ခန့် ကွာဝေးသော ဝေတူးကျေးရွာတွင် လူဦးရေ ခန့်မှန်းချေ ၂၅၀ ဝန်းကျင်ရှိပြီး မတူပီမြို့ အရှေ့ဖက် စစ်ဗျူဟာကုန်းနှင့် မျက်နှာချင်းဆိုင် ကျေးရွာဖြစ်ကြောင်း သိရသည်။

မတူပီမြို့သည် စစ်ကောင်စီတပ် စစ်ဗျူဟာအခြေစိုက်ရာဒေသနှင့် ခမရ ၃၀၄ နှင့် ၁၀၄ တပ်ရင်းနှစ်ရင်းတပ်စွဲ ရာဒေသဖြစ်သည်။

ယခုလက်ရှိတွင်လည်း မတူပီမြို့သို့ စစ်အင်အားဖြည့်တင်းရန် မင်းတပ်မြို့မှ စစ်ကောင်စီယာဉ်တန်း ကားအစီး ၈၀ ကျော်နှင့် ချီတက်လာကြပြီး CDF-Mindat တပ်ဖွဲ့နှင့် လမ်းခုလတ်တွင် တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.