Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့လုံခြုံရေးယူထားသော CDF – မင်းတပ် ရဲဘော် ၁ ဦး ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ကျဆုံး
ပုံစာ - ယမန်နေ့က ကျဆုံးသွားသော CDF-မင်းတပ်၊ တပ်ရင်း - ၆ မှ ရဲဘော် ဆလိုင်းမနားထန်း

မတူပီမြို့လုံခြုံရေးယူထားသော CDF – မင်းတပ် ရဲဘော် ၁ ဦး ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ကျဆုံး

0
By Editor on July 8, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝလံပီကျေးရွာတွင် လုံခြုံရေးယူထားသော ချင်းညီနောင်အဖွဲ့၊ CDF- မင်းတပ်မှ ရဲဘော် ၁ ဦး ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ယမန်နေ့က ကျဆုံးသွားသည်ဟု သိရသည်။

ဇူလိုင်လ ၇ ရက်က မတူပီမြို့နယ်၊ ဝလံပီကျေးရွာတွင် မြို့သိမ်းတိုက်ပွဲပြီးနောက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ် ချင်းလဲန်းကောင်စီ၊ ချင်းအမျိုးသားတပ်ဦး CNF/ CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် CDF – မင်းတပ်၊ တပ်ရင်း – ၆ မှ ရဲဘော် ဆလိုင်းမနားထန်း (အွမ်ဟုန်းထန်း) ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု CDF- မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူ Boi Uk ကပြောသည်။

ကျဆုံးသွားသော ဆလိုင်းမနားထန်းသည် ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်များ ဖော်ဆောင်သည့် မတူပီမြို့သိမ်း စစ်ဆင်ရေး အောင်မြင်သည်အထိ ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်ကြောင်း၊ လက်ရှိတွင် မတူပီမြို့ လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။

“စကစ စခန်းတွေ သိမ်းပြီးနောက်ပိုင်း ကျနော်တို့က မြို့တွင်း မြို့ပြင် လုံခြုံရေးတပ်တွေ ချထားပါတယ်။ မြို့ပြင်လုံခြုံရေး တပ်တွေကို CNA ဦးဆောင်တပ်တွေက အဝေးကနေ သူရဲဘောကြောင်စွာ ဒရုန်းနဲ့ လာလာ ဗုံးသီးချနေတာပါ” ဟု CDF- မတူပီ၊ တပ်မဟာ – ၁ ပြောရေး ဆိုခွင့်ရှိသူ Boi Uk က ပြောသည်။

မတူပီမြို့နယ်၊ လေဆင်းရွာ၊ ဝလံပီရွာ၊ ဒိန်ကလိန်ရွာ၊ ကုလားရွာ၊ ကုလားရွာသစ်အနီးတို့တွင် ဇွန်လ ၂၄ ရက်မှ ဇူလိုင် ၇ ရက်အထိ ၈ ကြိမ်တိုင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်များက ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များကို ထိုးစစ်ဆင်ပစ်ခတ်မှု ခြုံခိုတိုက်ခိုက်မှုတို့ ပြုလုပ်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က ဇူလိုင်လ ၇ ရက်က ထုတ်ပြန်ထားသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ချင်းလဲန်းကောင်စီဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးပေ။

သို့သော်လည်း မတူပီမြို့တွင် အင်အားအလုံးအရင်းရှိသော အာရက္ခတပ်တော် ULA/AA နှင့် ချင်းလဲန်းကောင်စီပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ချင်းလဲန်းကောင်စီမှ ပြောရေးဆိုခွင့်ရှိသူများက ခိုနူမ်းသုန်ကို ယခင်အစောပိုင်းကဖြေကြားထားသည်။

မတူပီမြို့တိုက်ပွဲတွင် ချင်းညီနောင်အဖွဲ့ မဟာမိတ်တို့ဘက်မှ တော်လှန်ရေးရဲဘော် ၁၀ ဦးထက်မနည်း ကျဆုံးသွားပြီဖြစ်ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၁ နှင့် ချင်းညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Boi Uk က ယနေ့တွင် ခိုနူမ်းသုန်ကို အတည်ပြုပြောဆိုသည်။

ချင်းလဲန်းကောင်စီပူးပေါင်းတပ်ဖွဲ့ဘက်မှ တော်လှန်ရေးရဲဘော် ၄ ဦးတို့လည်း ဇွန်လ ၁၈ ရက်မှ ၂၄ ရက်အထိ ထိတွေ့တိုက်ပွဲများ တွင် ကျဆုံးခဲ့ပြီး ထပ်မံဖြစ်ပွားသော တိုက်ပွဲများမှ ထိခိုက်ကျဆုံးမှုများကို မသိရသေးပါ။

မတူပီမြို့တွင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်နှင့် ချင်းညီနောင်မဟာမိတ် AA ပူးပေါင်းတပ် တို့ကြား ဇွန်လ ၁၈ ရက်မှ ဇူလိုင်လ ၇ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များနှင့်အတူ အာရက္ခတပ်တော် (AA/ULA)၊ Yaw- PDF နှင့် Yaw Army တို့က ပူးပေါင်း၍ ဇွန်လ ၉ ရက်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၉ ရက်က အပြီးသတ် သိမ်းနိုင်ခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ချင်းပြည်နယ်အတွင်း စစ်ကောင်စီ ကင်းစင်ရေး စစ်ရေးရည်မှန်းချက်ကို ချင်းညီနောင်အဖွဲ့က ချမှတ်ထားကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.