• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မတူပီမြို့နယ်၊ လိုင်လင်ပီးမြို့တွင် အသေးစားလေယာဉ်ကွင်းတည်ဆောက်မည်

မတူပီမြို့နယ်၊ လိုင်လင်ပီးမြို့တွင် အသေးစားလေယာဉ်ကွင်းတည်ဆောက်မည်

0
By Editor on May 9, 2019 Khonumthung

By လားနွန် – ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်ပီးမြို့တွင် Mission Aviation Fellowship (MAF) အဖွဲ့မှ အသေးစား လေယာဉ်ကွင်းတည်ဆောက်ရန် ဆောင်ရွက်နေကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ဟုတ်တယ် အဲဒီမှာလေယာဉ်ကွင်းတည်ဆောက်မှာပါ သူတို့ ကွင်းဆင်းလေ့လာပြီးတော့ တော်တော်များများ တည်ဆောက်မှုတောင်ပြီးနေပြီ (၄) ရက်နေ့က အဲဒီမှာသွားပြီးတော့ လေယာဉ်ကွင်းတည်ဆောက်ဖို့ ၀န်ကြီးချုပ်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ သွားပြီးတော့ ပန္နက်ချတယ်၊ အဲဒီဟာက MAF – Mission Aviation Fellowship အင်္ဂလန်အခြေပြုတဲ့ အဲဒီအုပ်စုက ဆင်းရဲတဲ့တိုင်းပြည်မှာ လေယာဉ်ကွင်းအသေးစားလေးတွေနှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်တဲ့အဖွဲ့တွေက တည်ဆောက်ပေးမှာပါ” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

မတူပီမြို့နယ်၊ လိုင်လင်ပီးမြို့တွင် စည်ပင်ဧရိယာအတွင်းတည်ဆောက်မည့် လေယာဉ်ကွင်းအသေးစားအတွက် Mission Aviation Fellowship (MAF) အဖွဲ့မှ အမေရိကန်ဒေါ်လာ (၂) သန်း အကုန်အကျခံပြီး တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း ၀န်ကြီးကပြောသည်။

Mission Aviation Fellowship (MAF) မှ တည်ဆောက်ပေးမည့် လေယာဉ်ကွင်းသည် ပေပေါင်း သုံးထောင်ကျော် ရှည်လျားမည်ဖြစ်ကာ အကျယ်မှာ ပေ (၁၅၀) ရှိမည်ဖြစ်ပြီး လူ (၁၅) ဦးလောက်သာ လိုက်ပါစီးနှင်းနိုင်သည့် လေယာဉ်ငယ်များသာ အတက်အဆင်းလုပ်နိုင်သည့် လေယာဉ်ကွင်းအသေးစားဖြစ်ကြောင်းသိရသည်။

လေယာဉ်ကွင်းတည်ဆောက်ရန် နိုင်ငံတော်မှ ခက်ခဲနေသည့်အချိန် ပြည်ပအကူအညီဖြင့် တည်ဆောက်ခြင်းသည်လည်း ချင်းပြည်နယ်၏ အလွန်အရေးကြီးသည့် လိုအပ်ချက်ဖြစ်ကြောင်း ၀န်ကြီးကဆက်ပြောသည်။

“လေယာဉ်ကွင်းက အခု နိုင်ငံတော်ကတောင်ဆောက်ပေးဖို့ ခက်ခဲတဲ့အချိန်မှာ အဲလို ပြည်ပအကူအညီနဲ့ ဆောက်တယ်ဆိုတော့ ဒီလိုမထင်မှတ်ပဲနဲ့ ဒီချင်းပြည်နယ်၊ လိုင်လင်ပီးမြို့လေး အသေးလေးမှာ လေယာဉ်ကွင်းဆောက်မယ်ဆိုတာ ဘယ်သူမှလည်းမျှော်လင့်မှာမဟုတ်ဘူး ဒါပေမယ့် နယ်မြေအခြေအနေအရ ဒီလိုမျိုး ခက်ခဲတဲ့နေရာမျိုးမှာ နိုင်ငံတကာကအကူအညီနဲ့ ဒါကိုဆောက်တယ်ဆိုတာ တော်တော်ကျေးဇူးရှိပါတယ် ချင်းပြည်အတွက်တော့ တကယ့်လိုအပ်ချက်ပဲ ဒီတစ်ကွင်းဆောက်ပြီးရင် နောက်ထပ် သူတို့အကူအညီနဲ့ တဖြေးဖြေး ဆောက်နိုင်တဲ့နေရာတွေမှာ ဆောက်ကြမယ်ဆိုရင်တော့ ကျွန်တော်တို့ ချင်းပြည်နယ်အတွက် လမ်းပန်းဆက်သွယ်ရေးမှာ အများကြီးအထောက်ကူပြုမှာပေါ့ နောက်အရေးပေါ်အခြေအနေမျိုးမှာလည်းသုံးလို့ရတယ်ပေါ့” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ပြောသည်။

ချင်းပြည်နယ်အတွင်း Mission Aviation Fellowship (MAF) ၏ အစီအစဉ်အရ လိုင်လင်ပီးလေယာဉ်ကွင်းကို လာမည့် ၂၀၂၀ အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး တည်ဆောက်မှုပြီးစီးပါက ပလက်ဝမြို့နယ်ရှိ ယခင်ကအသုံးပြုသည့် လေယာဉ်ကွင်းအား ပြန်လည်အသုံးပြုနိုင်အောင် ပြုပြင်ပေးမည်ဖြစ်ကြောင်း ဦးစိုးထက်ကပြောသည်။

ချင်းပြည်နယ်အတွင်း မြို့နယ်အလိုက် လေယာဉ်ကွင်းအသေးစားများရှိနိုင်ရန် ပြည်နယ်အစိုးရမှ ဟာခါး၊ ထန်တလန်၊ တီးတိန်နှင့် ပလက်ဝမြို့နယ်တို့တွင်း ကွင်းဆင်းလေ့လာမှုများပြုလုပ်နေပြီဖြစ်ပြီး ဖလမ်းမြို့တွင်လည်း ပေ ခြောက်ထောင်ကျော်ရှည်လျားသည့် လေယာဉ်ကွင်းအလတ်စား တည်ဆောက်လျက်ရှိရာ ၎င်းသည်လည်း ၆၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.