Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မလေးရှားချင်းဒုက္ခသည်အရေး ဩစတေးလျအထက်လွှတ်တော်အမတ်နှင့် ချင်းဒုက္ခသည်ကူညီရေးအဖွဲ့ ၃ ဖွဲ့တို့ တွေ့ဆုံဆွေးနွေး

မလေးရှားချင်းဒုက္ခသည်အရေး ဩစတေးလျအထက်လွှတ်တော်အမတ်နှင့် ချင်းဒုက္ခသည်ကူညီရေးအဖွဲ့ ၃ ဖွဲ့တို့ တွေ့ဆုံဆွေးနွေး

0
By Editor on January 20, 2026 Headline

(006SV)

မလေးရှားနိုင်ငံအတွင်းက ချင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ဩစတေးလျနိုင်ငံ အထက်လွှတ်တော်အမတ် Senator Dean Smith နှင့် မလေးရှားမှ ချင်းဒုက္ခသည်အဖွဲ့အစည်း ၃ ခုတို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သည်ဟု သိရသည်။

ဇန်နဝါရီလ ၁၁ ရက်မှ ၁၃ ရက်အထိ ဩစတေးလျနိုင်ငံ အထက်လွှတ်တော်အမတ်နှင့် တွေ့ဆုံမှုတွင် မလေးရှားရောက် ချင်းဒုက္ခသည်များ၏ အခြေအနေများကို တင်ပြဆွေးနွေးပြီး အကူအညီပေးရန်လည်း တောင်းဆိုခဲ့သည်ဟု မလေးရှားရောက် ချင်းဒုက္ခသည်အရေး ဆောင်ရွက်နေသော ACR အဖွဲ့ ဥက္ကဌက ပြောသည်။

“လက်ရှိ မြေပြင်မှာ ရှိနေတဲ့ အဖမ်းအဆီး အခြေအနေတွေရယ်၊ နောက်တချို့ချင်းတွေ မြန်မာပြည် ပြန်ပို့တဲ့အချိန်မှာ စစ်တပ်က လေဆိပ်မှာ ဖမ်းဆီးပြီး အသတ်ခံရတဲ့ အမှုကလည်း တစ်ခု၊ နှစ်ခု ရှိတယ်ပေါ့နော်။အဲဒါကို တင်ပြတယ်။ ချင်းပြည်နယ်ထဲမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကိုလည်း တင်ပြတယ်။ ပြီးတော့ စိန်ခေါ်မှုတွေ၊၊ နောက်တစ်ခုက အခုလက်ရှိ ဩစတေးလျကနေ ဒုက္ခသည် လုပ်ပေးထားတွေလည်း ရှိတယ်။ ဒီဟာတွေက အရင်တုန်းက မြန်တယ်၊၊ အခုနောက်ပိုင်းက အရမ်းနှေးကွေးတယ်။ အဲဒါ နှေးကွေးနေတဲ့ ကိစ္စ၊၊ ပြီးတော့ ခေါ်စာတွေ နှောင့်နှေးနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ တင်ပြပေးတာပေါ့နော်။ ကျနော်တို့ဘက်က သက်သေတွေ ပြတာပေါ့နော်။ ပြီးတော့ US ဘက်က ရန်ပုံငွေ ရပ်တန့်သွားတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ တင်ပြတယ်။ ဒါတွေက ဘယ်လောက် သက်ရောက်မှု ရှိနေတယ်၊၊ ကျနော်တို့ ချင်းတွေအပေါ်မှာပေါ့နော်။ အဲဒါတွေ တင်ပြတယ်။ ဩစတေးလျအစိုးရ အနေနဲ့ ဒီနေရာတွေ၊ ဒီကဏ္ဍတွေကို ကူညီပေးဖို့ တောင်းဆိုတာ ဖြစ်တယ်ပေါ့နော်” ဟု Alliance Of Chin Refugees (ACR) ဥက္ကဌ James Bawi Thang Bik က ပြောသည်။

မလေးရှားရောက် ချင်းဒုက္ခသည်များ ဩစတေးလျာနိုင်ငံသို့ အခြေချ နေထိုင်နိုင်ရေး ကိစ္စရပ်များနှင့် မိသားစု ခေါ်စာများအပါအဝင် ဗီဇာလျှောက်ထားရာတွင် စောင့်ဆိုင်းရမှု အချိန်ကြာလွန်းသော ကိစ္စရပ်များကိုလည်း ဦးစားပေး ဆွေးနွေးခဲ့သည်ဟု သိရသည်။

အထက်လွှတ်တော်အမတ် Senatro Dean Smith သည် မလေးရှားမှ ချင်းဒုက္ခသည်အရေး ဆောင်ရွက်သော အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် မလေးရှား UNHCR နှင့် ဩစတေးလျသံရုံး၏ အရာရှိများကို ဆက်လက်သွားရောက်တွေ့ဆုံသည်ဟု သိသည်။

“သူ့ဘက်ကနေတော့ အကောင်းဆုံး ဖြည့်ဆည်းပေးပါမယ်ပေါ့နော်၊၊ UNHCR ကလည်း မလေးရှားမှာ ဒီဘက်မှာ ရောက်နေတဲ့ ကျနော်တို့ ချင်းတွေကို ဘာလို့ ဦးစားမပေးတာလဲ သွားပြောပေးတယ်။ UNHCR ကို သွားတွေ့ပြီး ကျနော်တို့ ချင်းတွေအတွက် သွားပြောပေးတာပေါ့နော်။ သံရုံးတွေနဲ့ သွားတွေ့တာပေါ့နော်။ လိုအပ်တဲ့ဟာတွေကို ချင်းအရေးနဲ့ပတ်သက်ပြီး လုပ်ပေးတာပေါ့နော်။ ဟိုကို ပြန်ရောက်ရင်လည်း ဒီပါလီမန်ထဲမှာလည်း တင်ပြပေးသွားမယ်ပေါ့နော်။ သူတို့အစိုးရအနေနဲ့ လုပ်ဆောင်နိုင်ဖို့ကိုလည်း ကြိုးစားသွားမယ်။ အကောင်းဆုံး ကြိုးစားပေးသွားမယ်လို့ ပြောပါတယ်” ဟု ACR ဥက္ကဌ James Bawi Thang Bik က ပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို Alliance Of Chin Refugees (ACR) ၊ Chin Refugees Committee (CRC) နှင့် Falam Refugee Organization (FRO) အဖွဲ့အစည်းမှ တာဝန်ရှိသူ ၆ ဦး တက်ရောက်ကြောင်း၊ ဩစတေးလျချင်းအဖွဲ့အစည်းမှ Pu Renny Ceu Lian Mang နှင့် အခြားတိုင်းရင်းသားမိတ်ဆွေများလည်း တက်ရောက်သည်ဟု သိရသည်။

ဩစတေးလျနိုင်ငံ အထက်လွှတ်တော်အမတ်သည် မလေးရှားနိုင်ငံ၊ ကွာလလာမ်ပူမြို့ရှိ ချင်းဒုက္ခသည် စာသင်းကျောင်းများနှင့် ချင်းအဖွဲ့အစည်းရုံးများကိုလည်း သွားရောက်သည်ဟု သိရသည်။

မလေးရှားနိုင်ငံတွင် UNHCR ကတ် ကိုင်ဆောင်ထားသော ချင်းဒုက္ခသည်များအပါအဝင် ချင်းလူမျိုး ၈၀၀၀၀ ကျော် ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.