• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ္ျပည္နယ္တြင္ ျမန္မာႏိုင္ငံမွသယ္ေဆာင္လာေသာ လက္နက္ခဲယမ္းမ်ား ဖမ္းဆီးရမိ

မီဇိုရမ္ျပည္နယ္တြင္ ျမန္မာႏိုင္ငံမွသယ္ေဆာင္လာေသာ လက္နက္ခဲယမ္းမ်ား ဖမ္းဆီးရမိ

0
By Editor on October 1, 2020 Khonumthung

#Unicode

By ရစ်ချက် – အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် Mamit ခရိုင် Phuldungsei ကျေးရွာတွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော လက်နက်ခဲယမ်းများကို အိန္ဒိယနယ်စပ်လုံခြုံရေးတပ် (Border Security Force) အဖွဲ့က ဖမ်းဆီးရမိသည်ဟုသိရသည်။

မီဇိုရမ်ပြည်နယ်အခြေစိုက် နယ်စပ်လုံခြုံရေးတပ် (Border Security Force) အဖွဲ့တို့သည် စက်တင်ဘာ ၂၈ ရက်နေ့ည (၁၁) နာရီ ခန့်က Mamit ခရိုင် Phuldungsei ကျေးရွာအထွက်တွင် ကားနှစ်စီးအား မသင်္ကာမှုဖြင့် စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံမှ သယ်ဆောင်လာသော လက်နက် AK-47 (၂၈ ခု)၊ AK-56 ( ၁ လက်)၊ US carbine (၁ လက်)၊ magazine (၂၈ ခု) နှင့် ကျဉ်ဆံ ၇၈၉၄ ထောင့် ဖမ်းဆီးခဲ့ကြောင်း ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

အဆိုပါလက်နက်များမှာ မြန်မာနိုင်ငံမှ တရားမဝင်သယ်ဆောင်လာသော လက်နက်များဖြစ်ပြီး မီဇိုရမ်ပြည်နယ်ကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်အတွင်းရှိ ခွဲထွက်ရေးသူပုန်အဖွဲ့များထံ ရောင်းချသွားမည့် လက်နက်များဖြစ်သည်ဟု The Aizawl Post သတင်းစာတွင်ဖော်ပြထားသည်။

ယင်းလက်နက်များနှင့်အတူ ပိုင်ရှင်ဟုယူဆရသော မီဇိုရမ်နိုင်ငံသား (၃) ဦး Lalhuapzauva (56), Vanlalruata (25) နှင့် Liansanga (46) တို့ကိုလည်း ဖမ်းဆီးပြီး Arms Act 1959 ဖြင့် အမှုဖွင့်ဆိုထားသည်ဟုသိရသည်။

#Zawgyi

By ရစ္ခ်က္ – အိႏိၵယႏုိင္ငံအေရွ႕ေျမာက္ေဒသ မီဇိုရမ္ျပည္နယ္ Mamit ခရိုင္ Phuldungsei ေက်းရြာတြင္ ျမန္မာႏိုင္ငံမွ သယ္ေဆာင္လာေသာ လက္နက္ခဲယမ္းမ်ားကို အိႏိၵယနယ္စပ္လံုျခံဳေရးတပ္ (Border Security Force) အဖြဲ႔က ဖမ္းဆီးရမိသည္ဟုသိရသည္။

မီဇိုရမ္ျပည္နယ္အေျခစိုက္ နယ္စပ္လံုျခံဳေရးတပ္ (Border Security Force) အဖြဲ႔တို႔သည္ စက္တင္ဘာ ၂၈ ရက္ေန႕ည (၁၁) နာရီ ခန္႔က Mamit ခရိုင္ Phuldungsei ေက်းရြာအထြက္တြင္ ကားႏွစ္စီးအား မသကၤာမႈျဖင့္ စစ္ေဆးခဲ့ရာ ျမန္မာႏိုင္ငံမွ သယ္ေဆာင္လာေသာ လက္နက္ AK-47 (၂၈ ခု)၊ AK-56 ( ၁ လက္)၊ US carbine (၁ လက္)၊ magazine (၂၈ ခု) ႏွင့္ က်ဥ္ဆံ ၇၈၉၄ ေထာင့္ ဖမ္းဆီးခဲ့ေၾကာင္း ေဒသထုတ္သတင္းစာ The Aizawl Post တြင္ ေဖာ္ျပသည္။

အဆိုပါလက္နက္မ်ားမွာ ျမန္မာႏိုင္ငံမွ တရားမဝင္သယ္ေဆာင္လာေသာ လက္နက္မ်ားျဖစ္ၿပီး မီဇိုရမ္ျပည္နယ္ကို ျဖတ္ေက်ာ္ကာ အိႏိၵယႏိုင္ငံ အေရွ႕ေျမာက္ျပည္နယ္အတြင္းရွိ ခြဲထြက္ေရးသူပုန္အဖြဲ႕မ်ားထံ ေရာင္းခ်သြားမည့္ လက္နက္မ်ားျဖစ္သည္ဟု The Aizawl Post သတင္းစာတြင္ေဖာ္ျပထားသည္။

ယင္းလက္နက္မ်ားႏွင့္အတူ ပိုင္ရွင္ဟုယူဆရေသာ မီဇိုရမ္ႏိုင္ငံသား (၃) ဦး Lalhuapzauva (56), Vanlalruata (25) ႏွင့္ Liansanga (46) တို႔ကိုလည္း ဖမ္းဆီးၿပီး Arms Act 1959 ျဖင့္ အမႈဖြင့္ဆိုထားသည္ဟုသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

တာဟန်းစျေးအနီး နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.