Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်တွင် (၁၀) နှစ်နီးပါး မကျင်းပဖြစ်တော့သည့် ချင်းအမျိုးသားနေ့ ပြန်လည်ကျင်းပမည်

မီဇိုရမ်ပြည်နယ်တွင် (၁၀) နှစ်နီးပါး မကျင်းပဖြစ်တော့သည့် ချင်းအမျိုးသားနေ့ ပြန်လည်ကျင်းပမည်

0
By Editor on February 5, 2019 Khonumthung

By မိုးကျော် – အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ၊ မီဇိုရမ်ပြည်နယ်တွင် (၁၀) နှစ်နီးပါး မကျင်းပဖြစ်တော့သည့် ချင်းအမျိုးသားနေ့ကို ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ အသစ်တဖန် ပြန်လည်ကျင်းပကြတော့မည်ဟု သိရသည်။

ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်မည့် (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ကို မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့တွင် Chin Pawlpi အဖွဲ့မှ ဦးဆောင်ကျင်းပမည်ဖြစ်ပြီး အထူးဧည့်သည် တော်ကြီးအဖြစ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်ငါ နှင့် စစ်ကိုင်းတိုင်းချင်းရေးရာဝန်ကြီးဟောင်း ပူးနိုးထန်ကပ် တို့ကို ဖိတ်ကြားထားသည်ဟု Chin Pawlpi အတွင်းရေးမှူး S.Huliana က ပြောသည်။

“အခုလို ချင်းအမျိုးသားနေ့ကို ပြန်လည်ကျင်းပရခြင်းမှာ မီဇိုရမ်ပြည်နယ်မှာ ချင်းလူမျိုးများစွာနေထိုင်ကြတယ်။ ဘုရားသခင် ပေးသနားတော်မူသော ဒီအမျိုးသားနေ့ကို မကျင်းမပနိုင်တာဟာ ၀မ်းနည်းဖို့ကောင်းတယ်၊ ဒါကြောင့် မိမိတို့အမျိုးသားနေ့ကို ဒီနှစ်ကစပြီး ပုံမှန်ကျင်းပသွားဖို့ ရည်ရွယ်ပါတယ်” ဟု S. Huliana ကပြောသည်။

ချင်းအမျိုးသားနေ့ကို ကြိုဆိုသောအားဖြင့် ဖေဖော်ဝါရီ (၁၉) ရက်နေ့တွင် အားကစားပွဲတော် ကျင်းပမည်ဖြစ်ပြီး၊ ဖေဖော်ဝါရီ (၂၀) ရက်နေ့ညတွင် Vanapa ခန်းမ၌ ချင်းအမျိုးသားနေ့ကို ကျင်းပသွားမည်ဖြစ်သည်။

မီဇိုရမ်ပြည်နယ်တွင် ချင်းအမျိုးသားနေ့ကို ၂၀၀၉ ခုနှစ်နောက်ပိုင်းက၍ တာဝန်ယူဦးဆောင်ကျင်းပမည့်အဖွဲ့အစည်းများ မရှိကြတော့သည့်အတွက် ကျင်းပနိုင်ခြင်းမရှိခဲ့ကြပေ။

ယခုအခါ (၁၀) နှစ်နီးပါးခန့်ကြာပြီးနောက် ပြန်လည်ကျင်းပကြမည်ဖြစ်သည်။

ချင်းအမျိုးသားနေ့တွင် ကလေးတက္ကသိုလ်မှ ယဉ်ကျေးမှုအကအဖွဲ့ Falam phunsang tlawng Cultural Dance Group လူဦးရေ (၂၀) ကျော် လာရောက်မှာဖြစ်သည့်အပြင် မြန်မာနိုင်ငံမှ ချင်းအဆိုတော်များဖြစ်ကြသော JH Thang နှင့် Mai Ma Kim တို့ကိုလည်း ဖိတ်ကြားထားပြီး ၎င်းအပြင် မီဇိုရမ်အဆိုတော်များဖြစ်ကြသော G.Lalsangliana, Baby Z.Tlau, Angaihtei နှင့် Ma Biaki တို့ကိုလည်း ဖိတ်ကြားထားသည်။

ထို့အပြင် ဧည့်သည်တော်အဖြစ် Central Young Mizo Association (CYMA) ဥက္ကဌ Pu Vanlalruata နှင့် Shilong မြို့မှ Pu Tialkulhthanga တို့ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

ချင်းအမျိုးသားနေ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့သည် မီဇိုရမ်ပြည်နယ်၏ State Day (ပြည်နယ်နေ့) ဖြစ်သည်။

(ဓာတ်ပုံ – ဖလမ်းမြို့တွင် ကျင်းပခဲ့သည့် ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ပုံ)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

ချင်းလူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ကင်ဆာရောဂါဖြင့်ကွယ်လွန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.