Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် စစ်ဘေးရှောင်များအတွက် ဆေးခန်းဖွင့်

မီဇိုရမ်တွင် စစ်ဘေးရှောင်များအတွက် ဆေးခန်းဖွင့်

0
By Editor on February 14, 2022 Khonumthung

မီဇိုရမ်ပြည်နယ်ရောက် စစ်ဘေးရှောင်များ အလွယ်တကူဆေးကုသမှုခံယူနိုင်ရေးအတွက်ရည်ရွယ်ပြီး Myanmar Refugee Relief Committee (MRRC), Chin Health Organization (CHO), Mizo Students Union (MSU) နှင့် BN Hospital တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့က MSU OPD ကို မြို့တော် အိုင်ဇောလ်မြို့ Kulikawn ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

Myanmar Refugee Relief Committee (MRRC) ဥက္ကဌ Vantea က “အဓိကအားဖြင့်တော့ CHO နှင့် MRRC တို့ ပူးပေါင်းလက်တွဲလုပ်ဆောင်ခြင်းဖြစ်တယ်။ MSU နဲ့ BN Hospital တို့နဲ့ လက်တွဲပြီး လုပ်ဆောင်သွားမှာဖြစ်တယ်။ အဓိကရည်ရွယ်တာကတော့ စစ်ဘေးရှောင်တွေဖြစ်တယ်။ ပြီးတော့ CHO ဘက်က ဆရာဝန် ၄ ဦးနှင့် သူနာပြုတွေလည်း ရှိပြီးသားဖြစ်တယ်။ သူတို့တွေကတော့ ဒီဘက်ကို စစ်ဘေးရှောင်လာတဲ့ CDM ဝန်ထမ်းတွေဖြစ်တယ်။” ဟု ပြောသည်။

ဆက်လက်ပြီး Vantea က “ဒီမှာ အလုပ်လုပ်မဲ့ ဆရာဝန်နှင့်သူနာပြုတွေက အားလုံး Voluntary သက်သက်ဖြစ် တယ်။ ပြီးတော့ ရှေ့လုပ်ငန်းစဉ်အနေနဲ့ အခြားမြို့နယ်မှာရှိကြတဲ့ စစ်ဘေးရှောင်စခန်းတွေမှာသွားပြီး Free Clinic လုပ်ပေးဖို့ လည်းရှိတယ်” ဟု ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.