အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုးခေါထားလမ်းတွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ရူပီး သိန်း ၅၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ဟောင် (၁၀၀) ကို ကျန်ဖိုင်းခရိုင်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဘိန်းဖြူနှင့်အတူ အိန္ဒိယနိုင်ငံသားနှစ်ဦးကိုလည်း မီဇိုရမ်ရဲတပ်ဖွဲ့များက ဖမ်းဆီး ခဲ့ပြီး မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ဘိန်းဖြူများဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီ ၁၀ ရက်နေ့ညတွင်လည်း Khankawn Champhai Police စစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ရဲတပ်ဖွဲ့က မီဇိုးရမ်နိုင်ငံသားတစ်ဦးထံ မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ရူပီး သိန်း ၃၀ ကျော်တန်ဖိုးရှိ Methamphetamine ဆေးပြား အလုံး (၁၀၀၀၀) နှင့် ရူပီး ၂ သိန်းကျော် တန်ဖိုးရှိး ဘိန်းဖြူကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း The Aizawl Post သတင်းစာတွင် ဖော်ပြသည်။
အလားတူ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Excise & Narcotics Department အဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ် ကျန်ဖိုင်း-ဇိုးခေါထားလမ်းတွင် ချင်းအမျိုးသားတစ်ဦးထံ ဘိန်းဖြူ (၂၅ ဟောင်) ဖမ်းဆီးခဲ့သည်။