(005MK)
မီဇီုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံနေကြသော စစ်ဘေးရှောင် ၄ သောင်းကျော်အတွက် အိန္ဒိယဗဟိုအစိုးရက ပေးအပ်သည့် ဆန်မက်ထရစ်တန်ချိန် ၁၃၀၀ ကျော်သည် မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီးကို ရောက်ရှိပြီဟုသိရသည်။
မီဇိုရမ်ပြည်နယ်အစိုးရ Food, Civil Supplies & Consumer Affairs (FCS&CA) ဌာန၏ ထုတ်ပြန်ချက်အရ အိန္ဒိယဗ ဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဘေးရှောင်များအတွက် ရူပီးသိန်း ၅၀၀ တန်ဖိုးရှိသော ဆန်မက်ထရစ်ထန်ချိန် ၁၃၇၉ သည် စစ်ဘေးရှောင်များနေထိုင်ရာ မီဇိုရမ်ပြည်နယ်က ခရိုင် ၁၁ ခုမှာ ရောက်ရှိသွားပြီဟု သိရသည်။
အဆိုပါဆန်များကို သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများ၏ ဦးဆောင်မှုဖြင့် မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာနမှ စီစဉ်သတ်မှတ်ချက်အတိုင်း စစ်ဘေးရှောင်များထံ ကူညီထောက်ပံ့ပေးအပ်မည်ဖြစ်ပြီး တချို့ခရိုင်များမှာ အကူအညီ များပေးအပ်နေကြပြီဖြစ်ကြောင်းသိရသည်။ ကနဦးသတ်မှတ်ချက်အရ စစ်ဘေးရှောင်တစ်ဦးလျှင် ဆန် ၃၁.၅ ကေဂျီ နှုန်းဖြင့် ဖြန့်ဝေမည်ဖြစ်သည်ဟုသိရသည်။
ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၄၃၇၈၈ ရှိပြီး ယင်းအနက် မြန်မာစစ်ဘေးရှောင် ၃၃၇၆၄ ၊ ဘဂ်လားဒေရှ့်နိုင်ငံမှ ၂၀၁၄ ၊ မဏိပူရ်ပြည်နယ်မှ စစ်ဘေးရှောင် ၈၀၁၀ ဦးရှိသည်ဟု ပြည်ထဲရေးဝန်ကြီး ဌာန၏ စာရင်းအရသိရသည်။