• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်တစ်ခုလုံး မေလ ၁၇ ရက်နေ့ထိ Total Lockdown ချမှတ်

မီဇိုရမ်ပြည်နယ်တစ်ခုလုံး မေလ ၁၇ ရက်နေ့ထိ Total Lockdown ချမှတ်

0
By Editor on May 8, 2021 Khonumthung

ရစ်ချက် – ချင်းပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေပြီး မြန်မာစစ်ဘေးရှောင်ထောင်နဲ့ချီ ထွက်ပြေးဝင်ရောက်ခိုလှုံနေသည့် မီဇိုရမ် ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ဒုတိယလှိုင်း အရှိုန်အဟုန်မြင့်တက်လာမှုကြောင့် မေလ ၁၇ ရက်နေ့အထိ တပြည်နယ်လုံးကို Total Lockdown အဖြစ် ချမှတ်လိုက်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး ဒုတိယလှိုင်း မြင့်တက်လာမှုကြောင့် အဆိုပါ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်သည့်အနေဖြင့် မီဇိုရမ်ပြည်နယ် မြို့နယ်အချို့တွင် သုံးပတ်ခန့် Lockdown ချထားသော်လည်း ရောဂါကူးစက်မှုအရှိုန် မလျော့သည့် အပြင် ပို၍တိုးလာသောကြောင့် ယခုလို တပြည်နယ်လုံး Total Lockdown ချမှတ်လိုက်ရခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် မေလ ၈ ရက်နေ့မနက်က မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ လူနာသစ် တစ်ရက်အတွင်း ၂၃၅ ဦးရှိပြီး ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်တွင် တစ်ရက်ကို ပျမ်းမျှအားဖြင့် လူနာသစ် ၁၀၀ မှ ၂၀၀ အကြား နေ့စဉ်ပုံမှန် ရှိနေကြောင်း သိရသည်။

မေလ ၈ ရက်နေ့မနက် ထုတ်ပြန်ချက်အရ မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ကုသဆဲလူနာ ၁၉၀၆ ဦး ရှိနေကြောင်းနှင့် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၇ ဦး ရှိနေပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.