Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်

မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်

0
By Editor on April 28, 2021 Khonumthung
#Unicode
ရစ်ချက် – အိန္ဒိယနိုင်ငံ ပြည်မဒေသဘက်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်း အရှိန်အဟုန်မြင့်တက်လာသည်နှင့်အမျှ မြန်မာ စစ်ဘေးရှောင်အများစု
ထွက်ပြေးတိမ်းရှောင်နေကြသည့် မီဇိုရမ်ပြည်နယ်တွင်လည်း ကူးစက်မှုနှုန်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ် ဒေသထုတ်သတင်းဖော်ပြချက်အရ ဧပြီလ ၂၈ တစ်ရက်နေ့တွင် မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ လူနာသစ် ၂၂၉ ဦး ရှိကြောင်း ဖော်ပြသည်။
အဆိုပါ တစ်ရက်အတွင်း တွေ့ရှိသော လူနာသစ် ၂၂၉ ဦးမှာ မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး စတင် တွေ့ရှိခဲ့သည့်အချိန်ကစပြီး တစ်ရက်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှု အများဆုံးစံချိန်ဖြစ်ကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးစတင်တွေ့ရှိခဲ့သည့်အချိန်ကစပြီး ယနေ့ချိန်အထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ ၅၇၄၂ ရှိသည့်အနက် လူဦးရေ ၄၇၄၃ ဦးမှာ သက်သက်ပျောက်ကင်းနေပြီဖြစ်ကြောင်းနှင့် လူဦးရေ ၉၈၆ ဦးတို့မှာ ဆေးကုသမှုခံယူနေကြဆဲဖြစ်ကြောင်း သိရပြီး ကိုဗစ်ရောဂါကြောင့် ၁၃ ဦး သေဆုံးခဲ့ပြီဖြစ်သည်။
မီဇိုရမ်ပြည်နယ်သည် ချင်းပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသတွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်ပြီး၊ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နွေးဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင် ၅၀၀၀ ခန့် ထွက်ပြေးခိုလှုံနေကြရကြောင်း သိရသည်။
#Zawgyi
ရစ္ခ်က္ – အိႏိၵယႏိုင္ငံ ျပည္မေဒသဘက္တြင္ ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္မႈႏႈန္း အရွိန္အဟုန္ျမင့္တက္လာသည္နွင့္အမွ် ျမန္မာ စစ္ေဘးေရွာင္အမ်ားစု
ထြက္ေျပးတိမ္းေရွာင္ေနၾကသည့္ မီဇိုရမ္ျပည္နယ္တြင္လည္း ကူးစက္မႈႏႈန္း တစ္ေန႔ထက္တစ္ေန႕ ျမင့္တက္လာေၾကာင္း သိရသည္။
မီဇိုရမ္ျပည္နယ္ ေဒသထုတ္သတင္းေဖာ္ျပခ်က္အရ ဧၿပီလ ၂၈ တစ္ရက္ေန႕တြင္ မီဇိုရမ္ျပည္နယ္အတြင္း ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံထားရသူ လူနာသစ္ ၂၂၉ ဦး ရွိေၾကာင္း ေဖာ္ျပသည္။
အဆိုပါ တစ္ရက္အတြင္း ေတြ႕ရွိေသာ လူနာသစ္ ၂၂၉ ဦးမွာ မီဇိုရမ္ျပည္နယ္အတြင္း ကိုဗစ္-၁၉ ေရာဂါပိုး စတင္ ေတြ႕ရွိခဲ့သည့္အခ်ိန္ကစၿပီး တစ္ရက္အတြင္း ကိုဗစ္ေရာဂါပိုးေတြ႕ရွိမႈ အမ်ားဆံုးစံခ်ိန္ျဖစ္ေၾကာင္း သိရသည္။
မီဇိုရမ္ျပည္နယ္အတြင္း ကိုဗစ္-၁၉ ေရာဂါပိုးစတင္ေတြ႕ရွိခဲ့သည့္အခ်ိန္ကစၿပီး ယေန႕ခ်ိန္အထိ ကိုဗစ္ေရာဂါပိုး ကူးစက္ခံထားရသူ ၅၇၄၂ ရွိသည့္အနက္ လူဦးေရ ၄၇၄၃ ဦးမွာ သက္သက္ေပ်ာက္ကင္းေနၿပီျဖစ္ေၾကာင္းႏွင့္ လူဦးေရ ၉၈၆ ဦးတို႕မွာ ေဆးကုသမႈခံယူေနၾကဆဲျဖစ္ေၾကာင္း သိရၿပီး ကိုဗစ္ေရာဂါေၾကာင့္ ၁၃ ဦး ေသဆံုးခဲ့ၿပီျဖစ္သည္။
မီဇိုရမ္ျပည္နယ္သည္ ခ်င္းျပည္နယ္နဲ႕နယ္နိမိတ္ခ်င္းထိစပ္ေနေသာ အိႏိၵယႏိုင္ငံ အေရွ႕ေျမာက္ေဒသတြင္ တည္ရွိေသာ ျပည္နယ္တစ္ခုျဖစ္ၿပီး၊ လက္ရွိျမန္မာႏိုင္ငံတြင္ ျဖစ္ပြားေနေသာ ေႏြးဦးေတာ္လွန္ေရးနဲ႕ပတ္သက္ၿပီး မီဇိုရမ္ျပည္နယ္အတြင္း ျမန္မာစစ္ေဘးေရွာင္ ၅၀၀၀ ခန္႕ ထြက္ေျပးခိုလႈံေနၾကရေၾကာင္း သိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.