• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်တွင် ခိုလုံသော CDM ဝင် ရဲတပ်ဖွဲ့(၈) ဦးအား ပြန်အပ်ရန် မြန်မာစစ်အုပ်ချုပ်ရေးကောင်စီက တောင်းဆို

မီဇိုရမ်ပြည်နယ်တွင် ခိုလုံသော CDM ဝင် ရဲတပ်ဖွဲ့(၈) ဦးအား ပြန်အပ်ရန် မြန်မာစစ်အုပ်ချုပ်ရေးကောင်စီက တောင်းဆို

0
By Editor on March 7, 2021 Headline
#Unicode
ရစ်ချက် – စစ်အာဏာရှင်စနစ်​အောက်တွင် အလုပ်မလုပ်လိုတော့သည့် အတွက် CDM ဝင်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကို ထွက်ပြေးခိုလှုံနေသော မြန်မာရဲတပ်ဖွဲ့ဝင် (၈) ဦးကို ပြန်လည်လွဲပြောင်းပေးဖို့ မီဇိုရမ်အစိုးရကို ချင်းပြည်နယ် ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက တောင်ဆိုခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းတဲ့အနေနဲ့ အိန္ဒိယနယ်မြေထဲမှာရောက်နေတဲ့ မြန်မာရဲတပ်ဖွဲ့ဝင် (၈) ဦးကို မြန်မာနိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးဖို့ မြန်မာစစ်ဘက်အုပ်ချုပ်ရေးကောင်စီ ချင်းပြည်နယ်၊ ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ​စောထွန်းဝင်းက မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အုပ်ချုပ်ရေးမှူးထံ မတ်လ ၅ ရက်​နေ ့က စာရေးသားပေးပို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံနေကြသော မြန်မာရဲတပ်ဖွဲ့ဝင် (၈) ဦးကို မြန်မာနိုင်ငံ ဘက် လွှဲပြောင်းပေးမှာမဟုတ်ဘူးလို့ မီဇိုရမ်ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ပြောဆိုခဲ့ကြောင်း မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့ ဥက္ကဌ Pu B.Vanlaltana က ပြောသည်။
“ဒီကိစ္စကိုကြားကြားချင်းဘဲ ကျနော်တို့ ပြည်ထဲရေးဝန်ကြီးကို သွားတွေ့တယ်။ အခြေအနေကောင်းတယ်။ ပြည်ထဲရေးဝန်ကြီးက မဖမ်းဘူး၊ ပြန်မလွှဲဘူးလို့ပြောတယ်။ ပြည်ထဲရေးဝန်ကြီးတစ်ဦးအနေနဲ့ မဟုတ်တာတော့ မပြောလောက်ဘူး။ မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုအစိုးရနဲ့သွားရောက်ဆွေးနွေးဖို့ ပြည်မကိုသွားဖို့ရှိတယ်” လို့ ပြောသည်။
ဆက်လက်၍ မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့ ဥက္ကဌ Pu B.Vanlaltana က လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် အခက်အခဲဖြစ်နေကြတဲ့ ဇိုး(ချင်း)မျိုးနွယ်စုများကို ဇိုးရမ်းပြည်သူများအနေဖြင့် လက်ပိုက်ကြည့် မနေဘဲ မီဇိုရမ်တွင် ထွက်ပြေးခိုလှုံလာကြသော စစ်ဘေးဒုက္ခသည်များကို နွေးထွေးစွာလက်ခံကူညီပေးသွားကြဖို့ မီဇိုရမ်ပြည်သူများကို ပန်ကြားခဲ့သည်။
အိန္ဒိယ-မြန်မာနယ်စပ်တွင် အိန္ဒိယစစ်တပ် အာသံရိုင်ဖယ် နှင့် မြန်မာရဲတပ်သားများ နယ်စပ်တစ်လျှောက်တွင် လုံခြုံရေး အရှိုန်မြင့်ချထားကြောင်း ဇိုးခေါထားကျေးရွာနေပြည်သူတစ်ဦးက ယခုလိုပြောသည်။
“မီဇိုရမ်ဘက်ကို မြန်မာစစ်ဘေးဒုက္ခသည်တွေ ထွက်ပြေးလာကြလို့လားတော့မသိဘူး ဇိုးခေါထားဘက်မှာတော့ အာသံစစ်တပ်တွေအများကြီးချထားတယ်။ အဲလိုဘဲ မြန်မာပြည်ဘက်မှာလည်း ချထားတယ်။ လတ်တလော အခြေအနေအရ နယ်စပ်ကိုဖြစ်ကျော်ပြီး ဝင်ထွက်သွားလာမှု အခက်အခဲရှိနိုင်တယ်။” လို့ ပြောသည်။
#Zawgyi
ရစ္ခ်က္ – စစ္အာဏာ႐ွင္စနစ္​ေအာက္တြင္ အလုပ္မလုပ္လိုေတာ့သည့္ အတြက္ CDM ဝင္ကာ အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္ ကို ထြက္ေျပးခိုလႈံေနေသာ ျမန္မာရဲတပ္ဖြဲ႕ဝင္ (၈) ဦးကို ျပန္လည္လြဲေျပာင္းေပးဖို႕ မီဇိုရမ္အစိုးရကို ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးက ေတာင္ဆိုခဲ့ေၾကာင္း သိရသည္။
ႏွစ္ႏိုင္ငံၾကား ခ်စ္ၾကည္ရင္းႏွီးတဲ့ ဆက္ဆံေရးကို ထိန္းသိမ္းတဲ့အေနနဲ႕ အိႏိၵယနယ္ေျမထဲမွာေရာက္ေနတဲ့ ျမန္မာ ရဲတပ္ဖြဲ႕ဝင္ (၈) ဦးကို ျမန္မာႏိုင္ငံဘက္ ျပန္လည္လႊဲေျပာင္းေပးဖို႕ ျမန္မာစစ္ဘက္အုပ္ခ်ဳပ္ေရးေကာင္စီ ခ်င္းျပည္နယ္၊ ဖလမ္းခရိုင္ အုပ္ခ်ုပ္ေရးမွူး ​ေစာထြန္းဝင္းက မီဇိုရမ္ျပည္နယ္ က်န္ဖိုင္းခရိုင္အုပ္ခ်ုပ္ေရးမွူးထံ မတ္လ ၅ ရက္​ေန ့က စာေရးသားေပးပို႔ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။
အဆိုပါကိစၥနဲ႕ပတ္သက္ၿပီး မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလႈံေနၾကေသာ ျမန္မာရဲတပ္ဖြဲ႕ဝင္ (၈) ဦးကို ျမန္မာႏိုင္ငံ ဘက္ လႊဲေျပာင္းေပးမွာမဟုတ္ဘူးလို႕ မီဇိုရမ္ျပည္ထဲေရးဝန္ႀကီး Pu Lalchamliana က ေျပာဆိုခဲ့ေၾကာင္း မီဇိုးေက်ာင္းသားသမဂၢအဖြဲ႕ ဥကၠဌ Pu B.Vanlaltana က ေျပာသည္။
“ဒီကိစၥကိုၾကားၾကားခ်င္းဘဲ က်ေနာ္တို႕ ျပည္ထဲေရးဝန္ႀကီးကို သြားေတြ႕တယ္။ အေျခအေနေကာင္းတယ္။ ျပည္ထဲေရးဝန္ႀကီးက မဖမ္းဘူး၊ ျပန္မလႊဲဘူးလို႕ေျပာတယ္။ ျပည္ထဲေရးဝန္ႀကီးတစ္ဦးအေနနဲ႕ မဟုတ္တာေတာ့ မေျပာေလာက္ဘူး။ မီဇိုးေက်ာင္းသားသမဂၢအဖြဲ႕အေနနဲ႕ ဒီကိစၥနဲ႕ပတ္သက္ၿပီး ဗဟိုအစိုးရနဲ႕သြားေရာက္ေဆြးေႏြးဖို႕ ျပည္မကိုသြားဖို႕ရွိတယ္” လို႕ ေျပာသည္။
ဆက္လက္၍ မီဇိုးေက်ာင္းသားသမဂၢအဖြဲ႕ ဥကၠဌ Pu B.Vanlaltana က လက္ရွိျမန္မာႏိုင္ငံတြင္ ျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္ေၾကာင့္ အခက္အခဲျဖစ္ေနၾကတဲ့ ဇိုး(ခ်င္း)မ်ဳိးႏြယ္စုမ်ားကို ဇိုးရမ္းျပည္သူမ်ားအေနျဖင့္ လက္ပိုက္ၾကည့္ မေနဘဲ မီဇိုရမ္တြင္ ထြက္ေျပးခိုလံႈလာၾကေသာ စစ္ေဘးဒုကၡသည္မ်ားကို ေႏြးေထြးစြာလက္ခံကူညီေပးသြားၾကဖို႕ မီဇိုရမ္ျပည္သူမ်ားကို ပန္ၾကားခဲ့သည္။
အိႏိၵယ-ျမန္မာနယ္စပ္တြင္ အိႏိၵယစစ္တပ္ အာသံရိုင္ဖယ္ ႏွင့္ ျမန္မာရဲတပ္သားမ်ား နယ္စပ္တစ္ေလွ်ာက္တြင္ လံုၿခံဳေရး အရႈိန္ျမင့္ခ်ထားေၾကာင္း ဇိုးေခါထားေက်းရြာေနျပည္သူတစ္ဦးက ယခုလိုေျပာသည္။
“မီဇိုရမ္ဘက္ကို ျမန္မာစစ္ေဘးဒုကၡသည္ေတြ ထြက္ေျပးလာၾကလို႕လားေတာ့မသိဘူး ဇိုးေခါထားဘက္မွာေတာ့ အာသံစစ္တပ္ေတြအမ်ားႀကီးခ်ထားတယ္။ အဲလိုဘဲ ျမန္မာျပည္ဘက္မွာလည္း ခ်ထားတယ္။ လတ္တေလာ အေျခအေနအရ နယ္စပ္ကိုျဖစ္ေက်ာ္ၿပီး ၀င္ထြက္သြားလာမႈ အခက္အခဲရွိႏိုင္တယ္။” လို႕ ေျပာသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.