မီဇိုရမ်ပြည်နယ် Lunglei မြို့အကျဉ်းထောင်တွင် အကျဉ်းကျနေသူ မြန်မာနိုင်ငံသား ၅ ဦးသည် ယနေ့ နံနက်ပိုင်း ၂ နာရီခန့်က ထောင်ဖောက်ထွက်ပြေးခဲ့ကြသည်ဟု သိရသည်။
ထောင်ဖောက်ထွက်ပြေးသွားသူ အားလုံးသည် မြန်မာနိုင်ငံသားများဖြစ်ကြပြီး သူတိုထဲက တစ်ဦးမှာ လူသတ်မှုဖြင့် ထောင်ဒဏ်ကျခံနေရသူဖြစ်သည်ဟု Lunglei မြို့ရဲစခန်းထံမှ သိရသည်။
၎င်းတို့အားလုံးသည် အကျဉ်းထောင်ထဲတွင် အခန်းတစ်ခုတည်း၌ အတူတူ နေထိုင်ကြသူများဖြစ်ကြပြီး အိမ်သာအုပ်နံရံကို ဖောက်ထွင်းပြီး ထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။
Lunglei မြို့ရဲတပ်ဖွဲ့များသည် အဖွဲ့ ၄ ဖွဲ့ခွဲပြီး ထွက်ပြေးလွတ်မြောက်သူများအား ဖမ်းဆီးနိုင်ရေးအတွက် အပူတပြင်း လိုက်လံရှာဖွေလျက်ရှိကာ ယခုသတင်းရေးသားနေသည့်အချိန် ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။