Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်မှာ ဆောက်လက်စ မီးရထားလမ်းတံတားပြိုကျမှု ၂၀ ထက်မနည်းသေဆုံး

မီဇိုရမ်ပြည်နယ်မှာ ဆောက်လက်စ မီးရထားလမ်းတံတားပြိုကျမှု ၂၀ ထက်မနည်းသေဆုံး

0
By Editor on August 24, 2023 Khonumthung

(05MK)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်ခရိုင် ဆိုင်းရန်ကျေးရွာအနီးတွင် ဆောက်လက်စ မီရထားလမ်းတံတားပြိုကျမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။

ယနေ့မနက်ပိုင်း ၉ နာရီခွဲ၀န်းကျင်ခန့်မှာ ဘိုင်ရဘီး-ဆိုင်းရန်ကြား ဆက်သွယ်မည့် ဆောက်လက်စ မီးရထားလမ်းတံတား အမှတ် ၁၉၆ သည် ရုတ်တရက်ပြိုကျခဲ့ပြီး ယင်းနေရာတွင် အလုပ်လုပ်ကိုင်နေသူ ၂၆ ဦးသေဆုံးကာ ယနေ့ညနေပိုင်း ၅ နာရီခွဲအထိ ရုပ်အလောင်း ၁၈ လောင်း ထုတ်ယူရရှိပြီဟု မီဇိုရမ်ကလာသောသတင်းများတွင် ဖော်ပြသည်။

ယင်းတံတားသည် ဆိုင်းရန်ကျေးရွာ Zero point အနီး Kurung ချောင်းပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး တံတားပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ကိုလည်း အိုင်ဇောလ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီဟု သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယ၀န်ကြီးချုပ်၊ ပြည်ထဲရေး၀န်ကြီး နှင့် မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်တို့ကလည်း သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများနှင့်အတူ ၀မ်းနည်းပူဆွေးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာနေသို့ မီဇိုရမ်ပြည်နယ် လမ်းပန်းပို့ဆောင်ရေး၀န်ကြီးနှင့် လွှတ်တော်အမတ်တချို့တို့လည်း ရောက်ရှိခဲ့ကြပြီး တံတားပြိုကျမှုအခြေအနေများကို လေ့လာခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.